19

1.8K 235 19
                                    

Unicode

ချန်းယောလ်ခေါင်းပေါ်ကိုမိုးရေစက်လေးတွေတဖွဲဖွဲကျလာသည်။ချန်းယောလ် ဘာတွေဖြစ်ဖြစ် ဘတ်ခ်ဟွန်းကိုသိပ်မြတ်နိုးကာ သိပ်ကိုတန်ဖိုးထားသည်မို့ သူပျော်ဖို့ကိုယ့်အသက်ကိုလဲ စတေးပစ်ပါ့မယ်။ချန်းယောလ်အမြင့်ဆုံးဆိုတဲ့နေရာကနေ မတ်တပ်ရပ်လိုက်သည်။ငုံကြည့်လိုက်တော့အောက်မှာသွားလာနေတဲ့ကားတွေကိုလဲမြင်နေရသည်။ချန်းယောလ် ဘာလုပ်လိုက်မှာလဲ။အင်း သေချာပေါက်အရင်လို ဘတ်ခ်ဟွန်းစကားကိုနားထောင်မှာလား

ချန်းယောလ် မျက်လုံးအစုံကိုမှိတ်ချရင်းစိတ်လွတ်ထားလိုက်မိသည်။​

နောက်ကနေပြန်ဆွဲချလိုက်တာကြောင့် ချန်းယောလ်မျက်လုံးဖွင့်ကာကြည့်လိုက်တော့

"ရား....ပတ်ချန်းယောလ် မင်းရူးနေလား။ငါမေးနေတယ်လေ ရူးနေလားလို့"

"ဟုတ်တယ်ခါအီ ငါရူးနေတယ် ငါ...ငါသူ့စကားကိုနားထောင်ရမယ်"

"မင်းသူ့ကိုလောကကြီးထဲမှာတစ်ယောက်ထဲထားခဲ့တော့မယ်ပေါ့"

"........"

ချန်းယောလ် ဘာမှမ​ပြောပဲ ခေါင်းကိုငုံ့ထားဆဲ

"ဘတ်ခ်ဟွန်းကမင်းမရှိလို့မဖြစ်တာမင်းလဲသိရဲ့သားနဲ့ကွာ...သူ့ကိုဒီတိုင်းသွားလို့မရဘူးလေ။မင်းအချစ်တွေကိုသူသိလာအောင်လုပ်ရဦးမယ်လေ"

ချန်းယောလ် ခေါင်းတွင်တွင်ခါရင်းငြင်းလာသည်

"ငါတကယ်ပင်ပန်းနေပြီ ခါအီ"

ချန်းယောလ် မျက်လုံးရဲရဲနီနေသည်ကိုကြည့်ခြင်းအားဖြင့်သူအရမ်းငိုခဲ့မှန်းသိသာပါသည်။

"ငါခံနိုင်ရည်တွေကုန်ခမ်းနေပြီ။ငါအတော်လေးပင်ပန်းနေပြီကွ..."

"မင်းကိုငါကိုယ်ချင်းစာပါတယ် ဒါပေမယ့် ဘဝကြီိးကိုအရှံမပေးရဘူးလေ။ငါပြောဦးမယ် နောက်တစ်ပတ်ထဲမှာ ငါတို့ ဘွဲ့ယူဖို့ရှိတယ် "

"သူငါ့ကိုမပြောဘူး"

"ဟမ် မပြောဘူးဟုတ်လား ချန်းယောလ် ငါ့ကိုမတားနဲ့ငါဘတ်ခ်ဟွန်းကိုပြောပြမှဖြစ်တော့မယ်"

Setsunai[COMPLETED]Tempat cerita menjadi hidup. Temukan sekarang