'Kim junkyu......!!!!'
ဘယ်သူ့မှ မရှိဘူး အထင်နှင့် အိမ်ထဲဝင်လာခဲ့ပြီးမှ အပါး အသံကြောင့် junkyu လန့်သွားမိသည်
'အိမ်ပြန်ချိန်က ဘယ်အချိန် ရှိနေပြီလည်း...?'
'2နာရီလေ ..အပါး ...'
'အေး...ဒီအချိန်က အိမ်ပြန်ချိန်လား...? '
'ကျွန်တော် တက္ကသိုလ် ကျောင်းသားတစ်ယောက် ဖြစ်နေပြီ အပါး အချိန် အကန့်အသက်အိမ်ပြန်ရအောင် ခလေး မဟုတ်တော့ဘူး... '
'မင်း....ဘာစကားပြောတာလည်း... '
အပါး အသံက ဒေါသသံပါနေပြီ ဖြစ်သော်လည်း junkyu ကတော့ အရေးမစိုက်နေ သူက ဒါမျိုး ဖြစ်စေချင်တာမလား....
'ယောပေါ ...တော်ပါတော့..သားကြီး သွား အခန်းထဲသွားတော့နော် ....'
လာပါပြီ မေတ္တာရှင်ကြီးတွေ အဲ့လိုတွေ ပြောပြီး ဒီကလူကို လူဆိုးလို့ ပိုထင်အောင် လုပ်ချင်နေကြတာမလား မသိတာကြလို့......
'ကျွန်တော်နဲ့ အပါး ကိစ္စပါ....အန်တီ ဝင်ပါစရာ မလိုဘူး... '
'Kim junkyu ...!!!'
အပါး အော်သံကို ဥပက္ခာပြုရင်း အပေါ်တက်ကာ ကိုယ်အိပ်ခန်းထဲ ဝင်လာပြီး တံခါးပိတ်ရင်း ငုတ်တုတ်ထိုင်နေမိသည်..ဒီလို အချိန်ဆို သူအိုမား ကို ပိုလွမ်းမိသည် ...
သူအလယ်တန်း ပြီးခါနီး မှာ အိုမားဆုးံပါးသွားခဲ့ပြီး အပါးကသာ သူ့ကို ဆက်စောင့်ရှောက်ပေးခဲ့တာ... အိုမား မရှိတာက လွဲရင် သူ့ဘဝကြီးက ပြည့်စုံခဲ့ပြီး နေ့ရက်တိုင်းက ပျော်ရွင်ခဲ့ရတာ ...ဒါပေမဲ့ သူ့ အထက်တန်းတက်တဲ့အခ်ျိန်မှာပဲ အပါး က သူဘဝထဲကို Do young တို့သားအမိကို ခေါ်လာခဲ့တယ် ...အဲ့နေ့က ..
'Kyu သား ..ဒါက မင်းရဲ့ အိုမား အသစ်နဲ့ မင်းရဲ့ ညီလေး doyoung တဲ့ '
'အပါး ကျွန်တော်ကလေ အမေအသစ်လိုချင်တယ်များ ပြောမိခဲ့လို့လား..?'
'Kim junkyu ..!!!'
သူဘာစကားမှ ဆက်မပြောဖြစ်တော့ အိမ်ထိတောင် ရောက်လာခဲ့ပြီကို သူက ဘာများ တက်နိုင်မှာတဲ့လည်း ...