Ruto အားလုးံ ပြင်ဆင်ပြီး doyoung နဲ့ ချိန်းထားတဲ့ ဆိုင်ကို ထွက်လာခဲ့ရင်း kyu ကို သတိရနေမိပြန်သည်....ဒီနေ့ တစ်နေကုန် kyu နဲ့ မတွေ့ရသေးဘူးမဟုတ်လား ဖုန်းဆက်တုးံကတော့ အိမ်မှာပဲလို့ပြောတဲ့ ကောင်လေးကရော သူ့ကို သတိရနေရဲ့လား ...ပိတ်ရက်တိုင်း အမြဲအတူရှိနေကြဆိုတော့ ဒီလို တစ်ရက်လေး မတွေ့ရတာတောင် ruto အတွက်တော့ တစ်ကမ္ဘာလောက်ကြာနေသလိုကို ခံစားနေရတာပင်..တွေးနေရင်း သတိရစိတ်က ပိုလာတာမို့ kyu ဆီကို ဖုန်းခေါ်တော့ ဖုန်းက မကိုင် ....
'ဘာလို့ ဖုန်းမကိုင်တာပါလေ့ ....အပြင်ထွက်နေပြန်တာလား...'
ပုံမှန်ဆို သူ့ဖုန်းကို ချက်ချင်းကိုင်တက်တဲ့ ကောင်လေးက အခု မကိုင်တော့ ruto စိတ်ပူမိကာ ဖုန်းနံပါတ်ကို ထက်ခေါ်နေမိရင်း ၆ ခါမြောက်မှာ ဖုန်းကိုင်လာတာမို့ ruto တစ်ဖက်ကပြောတာတောင် မစောင့်နေတော့ပဲ မေးလိုက်မိသည်....
'Kyu ..ဘာလို့ ဖုန်းမကိုင်တာလည်း...?'
'ဟုတ်ကဲ့ ...ဘယ်သူ့ကို မေးတာပါလည်းရှင်...'
ပြန်မေးလိုက်တဲ့ အသံက မိန်းခလေးအသံမို့ ruto ခေါင်းပိုကြီးသွားသလိုတောင် ခံစားလိုက်ရသည် ...ဘာလည်း kyu က ကောင်မလေး...အာ ..မဖြစ်နိုင်ပါဘူး ...ကိုယ့်ဘာသာ အားပေးရင်း သေချာအောင် ထက်မေးလိုက်သည်...
'အော် ..အခု ဖုန်းပိုင်ရှင် Kim junkyu ဆိုတဲ့ သူ့ကို ဆက်နေတာပါ သူနဲ့ ဖုန်းပြောလို့ရမလား...'
'ဟုတ်ကဲ့ပါ..လူနာက ဓာတ်မှန်ရိုက်နေတာမို့ ဖုန်းကို အပြင်မှာထားခဲ့ရလို့ပါ ထွက်လာရင် ပြန်ဆက်သွယ်ခိုင်းလိုက်ပမယ်...'
'ဗျာ...လူနာ ဟုတ်လား ..ဘာဖြစ်လို့လည်း...တစ်ခုခု ထိခိုက်မိတာလား ဆိုးရိမ်ရတာလား ...အခု ဘယ်ဆေးရုံပါလည်း ခင်ဗျာ...'
Kyu ထိခိုက်မိတယ်ဆိုတဲ့ အကြောင်း ကြားတာနဲ့တင် သူ့ဘာကိုမှ သတိမရတော့ပဲ ကားကို kyu ရှိတယ်ဆိုတဲ့ ဆေးရုံကိုသာ တန်းမောင်းလာလိုက်မိသည်....ဆေးရုံက information ကောင်တာမှာ ဝင်မေးလိုက်တော့ kyu ရှိတဲ့နေရာကို ညွှန်လိုက်တာမို့ အပြေးအလွှားလာရင်း ကျောက်ပတ်တီးလေးနဲ့ ထွက်လာတဲ့ kyu ကို တွေ့လိုက်ရတာမို့ သူဘာကိုမှတောင် မတွေးမိလိုက်ခင်မှာပဲ kyu ကို ပြေးဖတ်ထားလိုက်မိသည်....