'kyu မင်း စိတ်ကိုအေးအေးထားပြီး ဘာလုပ်မလည်း အရင်တွေး အလောတကြီးမဆုးံဖြတ်နဲ့.... '
သူ ကားပေါ်တက်ရင်းမောင်းဖို့ ပြင်နေတော့ jihoon က သူ့ကို လာတားမို့
'ငါ အခု လေယာဉ်ကွင်းကို လိုက်သွားရမယ်လေ...'
'လိုက်တာက ဟုတ်တယ် အခုမင်းလက်က ကားမောင်းဖို့အဆင်ပြေတာမှမဟုတ်တာ မင်းအေးဆေး ဘေးကနေသာထိုင်လိုက်ခဲ့ ငါနဲ့ suk လိုက်ပို့ပေးမယ်...'
'ဟုတ်တယ် hyung... jihoon hyung တို့ကို လိုက်ပို့ခိုင်းလိုက်ပါ...အရမ်းစိတ်ပူမနေနဲ့...'
'ဒါနဲ့ ruto ကဘယ်ချိန် လေယာဉ်တဲ့လည်း...doyoung
....''အဲ့တော့... ကျွန်တော်လည်း... သေချာမသိဘူး hyunsuk hyung... အဖွားက ဂျပန်သွားဖို့ လေယာဉ်ကွင်းဆင်းသွားတယ်ပြောတာနဲ့ junkyu hyung ကို လာပြောလိုက်တာ....'
'suk မေးနေတာတွေတော်ပါတော့... ငါအခု လေယာဉ်ကွင်းကို အမြန်ရောက်ဖို့ လိုအပ်နေတယ်...'
'အေးပါကွာ...အေးပါ...'
သူပြောလိုက်တော့ suk ကပါ ကားပေါ်တက်လာပြီမို့ သူတို့လေယာဉ်ကွင်းကို ထွက်လာခဲ့လိုက်ကာ ruto ဆီလည်း သူတစ်ချိန်လုးံ ဖုန်းခေါ်နေမိသည်....
'ဖုန်းမကိုင်ဘူးလား... '
'အင်း...ဆက်သွယ်မှုဧရိယာပြင်ပတဲ့...'
'စိတ်အေးအေးထားပါ kyu ရယ်... ငါတို့ မှီမှာပါ....'
hyunsuk ကတော့ သူ့ကို စိတ်အေးအေးထားဖို့ ပြောနေပေမဲ့ သူ ဘယ်လိုလုပ် စိတ်အေးနိုင်မှာတဲ့လည်း....အခု သူ့ချစ်တဲ့သူက အထင်လွဲမှုတွေနဲ့ သူနဲ့ အဝေးဆုးံကို သွားဖို့ လုပ်နေတာမလို့ ဒါက သူ့အတွက် နောက်ဆုးံ အခွင့်အရေး ဖြစ်သွားနိုင်တယ်...
'လမ်းတွေကလည်း ပိတ်လိုက်တာ...တစ်ခြားလမ်းမရှိတော့ဘူးလား hooni... '
'အခုက ရုးံဆင်းချိန်လေကွာ ဒီအချိန်က ကားကြပ်နေကြပဲ...ဒါတောင် ငါ အရှင်းဆုးံလမ်းက မောင်းထားပေးတာ...'
jihoon ပြောတာ ကို သူလည်းသိပေမဲ့ စိတ်ကလောနေတာမို့ သူကားထဲကနေ ဖင်တစ်ကြွကြွ ဖြစ်နေသည်....တစ်ချိန်လုးံ ဆက်နေတဲ့ဖုန်းကလည်း မကိုင်တာမို့ က အဲယားကွန်းဖွင့်ထားတဲ့ ကားပေါ်မှာတောင် လူကချွေးပြန်ချင်နေပြီ... သူတို့ ကားရှင်းတဲ့လမ်းတွေကနေမောင်းရင်းနဲ့ပဲ လေယာဉ်ကွင်းကိုရောက်လာပြီ ဖုန်းကတော့ဆက်လို့မရသေး...jihoon တို့ကားပါကင်ထိုးတဲ့အထိတောင် သူ့မစောင့်နိုင်တာမို့ တစ်ယောက်ထဲ airport ထဲဝင်လာပြီ ပြည်ပထွက်ခွာဆိုတဲ့နေရာကိုသာ တန်းပြီး လာလိုက်တော့သည်....ဒါပေမဲ့ ruto ကို မတွေ့.... ကောင်တာကိုမေးကြည့်တော့ ဂျပန်ကို သွားမဲ့လေယာဉ်က အခုလေးတင်ထွက်သွားပြီတဲ့....ruto က တစ်ကယ်ပဲ သူ့ကို ရှင်းပြခွင့်တောင် မပေးပဲထားသွားခဲ့ပြီလား.....သူ ခေါင်းငိုက်စိုက်နဲ့ ပြန်ထွက်လာတော့မှ suk နဲ့ jihoonက airport ထဲပြေးဝင်လာသည်....