'ruto ya ...ဟိုနေ့က မင်းအဆင်ပြေရဲလား...ဘာကိစ္စရှိလို့လည်း...'
'အော်...အထွေအထူးမဟုတ်ပါဘူး ....အဆင်ပြေ
ပါတယ်..'ruto ကြည့်ရတာ သူ့ကို သေချာ ပြောပြချင်ပုံမရတာမို့ doyoung ဆက်မမေးဖြစ်တော့ ဒါပေမဲ့ ruto က သူ့ကို ချိန်းထားပြီးမှ ပထမဆုးံအကြိမ်ထားသွားဖူးတာမို့ စိတ်တော့ မကောင်းဖြစ်မိတာ ...
'ဒါနဲ့ မင်းရော အဲ့နေ့က ပြန်ရတာ အဆင်ပြေရဲ့လား..?'
'အင်းပြေပါတယ် ruto ya ...'
Ruto ခုချိန်ထိ junkyu နဲ့ အကြောင်းကို doyoung ကို ပြောပြသင့်လား မသင့်လား တွေးနေမိသည် ပြောလိုက်ရင် doyoung က ကြိမ်းသေ မိတ်ဆက်ခိုင်းတော့မှာ အဲ့ဒါဆို ဟို ဘုကလန့်နဲ့ က အဆင်ပြေမယ် မထင်ဘူး ငါမပြောတာပဲ ကောင်းပါတယ် ..ဟုတ်တယ် ငါပြောမနေတော့ပါဘူးလေ....
'ဒါနဲ့ doyoung ya..မင်းစာအုပ်တွေ ဝယ်စရာရှိတယ်ဆို ဒီညနေ ကျောင်းဆင်းရင် မြို့ထဲသွားကြမလား...?'
'ကောင်းသားပဲ ...သွားကြမယ်လေ ..'
______________________________________Junkyu အိမ်ပြန်ရောက်တော့ doyoung ကို မတွေ့တာမို့ ruto နဲ့များ အပြင်ရောက်နေပြန်ပြီလားလို့ တွေးနေမိသည် ...အဲ့လိုဆို ငါဘာလုပ်ရင် ကောင်းမလည်း...
'အပါး doyoung မပြန်လာသေးဘူးလား...?'
'ထူးထူးခြားခြား သားကြီးက သားငယ်ကို မေးလို့ပါလား ဘာကိစ္စရှိလို့လည်း....?'
'ဘာမှတော့ မရှိပါဘူး ...မတွေ့လို့ မေးကြည့်တာပါ..'
'အော်..သားငယ်က သူ့ သူငယ်ချင်းနဲ့ မြို့ထဲမှာ ကျောင်းအတွက် လိုတဲ့ စာအုပ်တွေ ဝယ်မလို့ နောက်ကျမယ်လို့တော့ ဖုန်းဆက်တာပဲ....'
'ဟုတ် ...ဟုတ်ကဲ့ ...အပါး သားလေ ခဏနေ suk တို့နဲ့ ဘားမှာချိန်းထားလို့ အပြင်ခဏ ပြန်သွားမယ်နော် ...'
'အရမ်းတော့ နောက်မကျနဲ့နော် kyu တော်ကြာ မင်း အိုမား စိတ်ပူနေမယ် ...'