Kyu ..ruto နဲ့ နှုတ်ဆက်ပြီးတာနဲ့ jihoon တို့ အိမ်ထဲ ဝင်လာလိုက်သည် ...hoonie ကတော့ သူ့ကို မြင်ရင် ပေါက်ပေါက်ဖောက်ဦးမှာပဲလို့ အတွေးမဆုးံခင် jihoon ရဲ့ အသံကျယ်ကျယ်ကို ကြားလိုက်ရသည် ....
'Kim junkyu ...မင်းပေါ်လာသေးတယ်နော် ...ငါမှာ ဘယ်လောက်တောင် စိတ်ပူနေရလည်း ..ပြီးတော့ မင်းအပါးညက ဖုန်းဆက်တော့လည်း ငါဘယ်လိုတွေတောင် လိမ်ပြောလိုက်ရလည်း ...ညက ဘယ်သွားနေတာလည်း ..ပြီးတော့ အဲ့လက်ကရော ဘာဖြစ်လာတာလည်း....'
'ခဏ လေး...ခဏလောက် အသက်ရှူပါဦးလား ကွာ ...'
'မရှူနိုင်ဘူး ..မင်းလုပ်လို့ ငါ အသက်တိုတော့မယ် ...'
'ဖြေးဖြေး ..ဖြေးဖြေး ...ငါပြောပမယ် ..ခဏလေး suk ကိုပါခေါ်ထားတယ် သူ့လာရင် တစ်ခါထဲ အကုန်လုးံ ပြောပမယ် ဟုတ်ပီလား...'
'Suk ...ရောက်ဖို့ဆို ကြာဦးမှာ ...ငါက သိချင်နေပြီ..'
'မကြာပါဘူးကွာ ငါ အိမ်က ထွက်လာကတည်းက suk ဆီစာပို့ထားပြီးသား ခဏနေ ရောက်လာလေ့မယ်... '
'အဲ့ဆိုပြီးရော...ဒါနဲ့ မင်း မနေ့က အိမ်ပြန်မအိပ်လည်း မင်းအိမ်ကို ဖုန်းတော့ ဆက်သင့်တယ်လေ ...မင်း အပါး ငါ့ကို ဖုန်းဆက်တော့ ငါ့မှာ ထူပူသွားတာပဲ...'
'မနေ့က ထွက်လာတော့ ruto အတွက် ဖုန်းကိုပဲ ယူလာမိတာ ...ဒါနဲ့ မင်း အပါးကို ဘယ်လို ပြောလိုက်လည်း...'
'ဘယ်လို ပြောရမှာလည်း...ငါတို့ suk တို့ Bar ကို သွားရင်း နည်းနည်းသောက်လာကြလို့ kyu ကို အိမ်မပြန်ခိုင်းပဲ ဒီမှာပဲ အိပ်ခိုင်းလိုက်တာ ...အခုလည်း အိပ်ပျော်နေပါပြီ ဘာညာ ကြည့်ပြောရတာပေါ့ ...'
'ကျေးဇူးပါ ...ငါ့သူငယ်ချင်း လေး...'
'သူငယ်ချင်းလေး လုပ်မနေနဲ့ ...ပြောတော့ ...'
'Suk လာမှပါဆို...'
'မင်း..အနောက်မှာ ရောက်နေပြီ ...ပြောတော့ကွာ ငါတစ်ကယ် သိချင်နေပြီ ...'