ep- 27

322 53 4
                                    

ဒီနေ့နဲ့ဆို သူ့ကျောင်းမတက်တာ 4 ရက်ရှိနေပြီ ဖြစ်သလို ruto နဲ့မတွေ့ရတာလည်း 4 ရက်ရှိနေပြီ အရင်ကဆို တစ်ရက်လေးမတွေ့ရင်တောင် ဖုန်းဆက် sms တွေပို့တက်တဲ့ ကောင်လေးက အခုတော့ သူ့ကို လုးံဝ ဆက်သွယ် မလာ... သူကရော...သူကတော့ ကိုယ့်အပြစ်နဲ့ ကိုယ်မို့ မဆက်သွယ်ရဲတာ....

'သားကြီး... ထမင်းစားရအောင်....'

'မစားချင်ဘူး....'

'ခုတစ်လော ထမင်းလည်း ဟုတ်တိပတ်တိ မစားဘူး ဘာလို့လည်း သား ဘာစားချင်တာ ရှိလည်း အိုမား ချက်ပေးမယ်လေ....'

'ကျေးဇူးပြုပြီး ကျွန်တော် အခန်းထဲက ထွက်သွားပေးပါ... ကျွန်တော် အရမ်းစိတ်ရှုပ်နေတယ်နော်....'

စိတ်တွေ ရှုပ်နေရတဲ့ ကြားထဲ အခန်းထဲထိလာပြီး ဂရုဏာတွေ လာပိုပြနေတော့ junkyu စိတ်တိုတိုနဲ့ အော်လိုက်မိသည်....သူ့ အော်သံကြားတော့ အပါးရော doyoung ပါ သူ့အခန်းထဲ ရောက်လာသည်....

'kim junkyu... မင်း ဘယ်လို ပြောဆိုနေတာလည်း ဒါ မင်းရဲ့ အိုမားနော်...'

'မဟုတ်ဘူး... ကျွန်တော် အိုးမားက သေသွားပြီ...ဒါ ကျွန်တော့ မိထွေး...မိထွေးဆိုတာ ဘယ်တော့မှ အိုမား အစစ်ဖြစ်လာမှာ မဟုတ်ဘူး....'

စိတ်ပေါက်ပေါက်နဲ့ စိတ်ထဲရှိတဲ့အတိုင်း ပြန်ပြောမိတော့ အပါးရဲ့ လက်သီးချက်က သူ့မျက်နှာပေါ် ရောက်လာသည်....

'ထိုးပါ.. အပါး...စိတ်ကြိုက်ထိုး..အဲ့မိန်းမနဲ့ သူ့သားရောက်လာထဲက အပါး မျက်စိထဲမှာ ကျွန်တော်က လူပိုပဲမလား... '

'ငါ...တယ် ဒီကောင်တော့...'

'တော်ပါတော့.. တော်ပါတော့...ခလေးကို ဘာမှ ထက်မလုပ်ပါနဲ့တော့...သူ့ နေချင်သလိုနေပါစေ...'

အပါးက သူ့ကို ထက်ထိုးဖို့ လက်ရွယ်တော့ ဟိုသားအမိက အတင်း ဝင်ဆွဲကြသည်...မေတ္တာရှင် သားအမိတွေကတော့ တစ်ကယ် သရုပ်ဆောင် ပိုင်တာပဲ....သူ့ မိထွေးက အပါးကို အတင်းဆွဲခေါ်ပြီး အောက်ထက်ဆင်းသွားပေမဲ့ doyoung က ခုထိ သူ့နားမှာ ရပ်နေတုးံ...

'မင်းကရော ဘာလည်း...ဘာဆရာ လုပ်ဦးမလို့လည်း...ငါ့ အခန်းထဲက ထွက်သွား...'

CheckmateWhere stories live. Discover now