ep-29

333 59 4
                                    

kyu တစ်ယောက် မနက်မိုးလင်းလို့ အခန်းတံခါးကို လာခေါက်တဲ့အသံကြားမှ လန့်နိုးလာမိသည်... သူ ညကတော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့ဘူးမလား.....

'သားကြီး နိုးနေပြီလား.... မနေ့ ထဲက ထမင်းကောင်းကောင်းမစားထားဆိုတော့....အခု မနက်စာတော့ စားလိုက်နော်...အိုမား အခန်းရှေ့မှာ ထားခဲ့ပေးမယ်....'

အခုချိန်ထိ စကားကောင်းကောင်းမပြောပဲ စေတနာတွေကို အမြဲစော်ကားတဲ့ ဒီသား ဗိုက်ဆာနေမှာကို ဆိုးရိမ်နေတာတဲ့လား... အိုမားရယ်... ဒီသားဆိုးက အိုမား မေတ္တာတွေနဲ့ မတန်ပါဘူး...junkyu ထက်ပြီး မျက်ရည်ကျမိပြန်သည်...အခုချိန်ထိ အိုမားနဲ့မျက်နှာချင်းဆိုင်ဖို့ သူ သတ္တိမရှိသေးပါ....အိုမား လာပေးတဲ့ မနက်စာကို အစားစားချင်စိတ်မရှိတာရော.. အိုမားစေတနာတွေနဲ့ သူက မတန်ဘူးထင်တာရောကြောင့် ယူမစားမိပဲ အခန်းထဲသာ ဆက်ခွေနေပြီး အတွေးတွေထဲ မျောနေမိသည်...သူအတွေးထဲ ဘယ်လောက်မျှောနေမိမှန်း မသိ သူ့အခန်းတံခါးကို ထက်ခေါက်တဲ့အသံကြားမှ အသိဝင်လာသည်...

'hyung....ကျွန်တော် doyoung ပါ...ကျွန်တော် hyung နဲ့ စကား ခဏပြောချင်လို့ ရမလား...'

kyu ဘာပြန်ပြောလိုက်ရမလည်း မသိ... သူ doyoung အပေါ်မှာလည်း အမှားတွေ လုပ်ခဲ့မိသည်လေ...

'hyung.... hyung က ကျွန်တော်နဲ့ အိုမားကို လက်ခံပေးဖို့ အဲ့လောက် ခက်ခဲနေတာလား...ကောင်းပါပြီ အဲ့ဆို ကျွန်တော်နဲ့ အိုမား ဒီအိမ်ကနေ ထွက်သွားပမယ်...'

သူ့က သူ့အပြစ်နဲ့သူမို့ အတွေ့မခံရဲတာကို doyoung က ဘာတွေပြောနေတာလည်း.... အခုတောင် သူ့အပြစ်အတွက် သူ့ဘာသာ ခွင့်မလွှတ်နိုင်သေးတာကို အိုမားနဲ့ အိမ်က ထွက်သွားကြမယ်ပေါ့လေ....ဒီကောင်လေးကတော့.. kyu doyoung စကားကြားတာနဲ့ ချက်ချင်း အခန်းတံခါးကို ပြေးဖွင့်လိုက်တော့ doyoung က သူ့အခန်းရှေ့မှာ မတ်တက်ရပ်ပြီး သူ့ကို ကြည့်နေသည်...ဘာလို့မှန်း မသိ သူ doyoung ကို မြင်တာနဲ့ မျက်ရည်တွေ ထက်ကျလာပြန်တော့ Doyoung က သူ့ကို လှမ်းဖက်လိုက်ပြီး သူ့ကျောကိုလည်း ညင်ညင်သာသာလေး ပုတ်ပေးနေတာမို့ သူ့မျက်ရည်တွေက တားမရတော့အောင် ထက်ပြီးကျဆင်းလာရသည်...

CheckmateWhere stories live. Discover now