Ruto ..ဒီနေ့ အတန်းမတက်ပဲ kyu တို့ အဆောက်ဘက်ကို ထွက်လာလိုက်သည်...ဟိုတစ်ခါ ကော်ဖီဆိုင်က ပြန်လာပြီးကတည်းက kyu က သူနဲ့ သိပ်အတွေ့မခံတော့ သလို သူကတွေ့ဖို့ပြောလည်း အကြောင်းအမျိုးမျိုးပြပြီး ငြင်းနေတယ်လို့ ခံစားရပြီး ဖုန်းပြောရင်တောင် ခဏလေးနဲ့ ချပစ်တာမို့ သူဘာလုပ်လို့ လုပ်ရမှန်းမသိတော့ ...အဲ့နေ့က သူ့အမှားများ တစ်ခုခု လုပ်ခဲ့မိလားလို့ အပြန်ပြန်အလှန်လှန် စဉ်းစားတော့လည်း ဘာမှ စဉ်းစားမရ...ဒါကြောင့် ဒီနေ့တော့ kyu ကို အမိဖမ်းဖို့ အတန်းချိန်တောင် မတက်ပဲ လာစောင့်နေမိတာ....
'My kyu ...ဟိုမှာ မင်းရဲ့ ကောင်လေး...'
'တော်ပါတော့ jihoon ရာ မင်းပြောတာကို ငါက ယုံရမှာလား....'
'တစ်ကယ်ပါဆို ....'
jihoon ပြောလာလို့ သူ အဆောင်ရှေ့ကို ကြည့်လိုက်တော့ တစ်ကယ်ပဲ ruto ကို တွေ့လိုက်တာမို့ အံသြသွားရသည် ..အတန်းချိန်မတက်ပဲ ဘာလို့ သူ့အဆောင်ထိ လာရတာလည်း ...
'suk နဲ့ hooni အဲ့ဆို ငါအရင်သွားနှင့်လိုက်မယ် တော်ကြာ မင်းတို့ကိုပါ တွေ့သွားလေ့မယ်....'
'ဟုတ်ပြီ kyu ....'
'အေးပါသွားပါ သွားပါ ...နောက်ဆုးံတော့လည်း သူငယ်ချင်းတွေကို ထားခဲ့တာပဲ ....'
'Jihoon ...မင်း နောက်မှ တွေ့မယ် သိလား...'
သူ့ကို လိုက်စနေတဲ့ jihoon ကို ပြောပြီး ruto ဆီ သွားလိုက်သည်... ဒီကောင်လေး ဘာကိစ္စအရေးကြီးလို့ မပြောမဆို ရောက်လာတာလည်း...ဟိုရက်က ကော်ဖီဆိုင်မှာတွေ့ပြီးကတည်းက kyu ကိုယ့်စိတ်ကို နားလည်အောင် ကြိုးစားကြည့်ချင်တာမို့ ruto ကိုတောင် သိပ်အတွေ့မခံဖြစ် သူ့အတွက် အချိန်တစ်ခုတော့ လိုသည်လေ.....
'Ruto ya ...ဘယ်လို ဖြစ်လို့ ဒီချိန်ကြီး ရောက်လာတာလည်း ....အတန်းမတက်တာလား...'
'Kyu.....ကျွန်တော်ကို ဘယ်လောက်တောင် ရှောင်နေလည်းဆိုတာ ကိုယ့်ကိုယ်ကို တောင် သိရဲ့လား ....'