'Ruto ya..မင်းက လက်မှတ်သွားဝယ်ထားလိုက်နော် ငါ့က ပေါက်ပေါက်နဲ့ အအေးသွားဝယ်လိုက်မယ် ..မင်းက cola ပဲ သောက်မှာမလား..?'
'အင်းးငါ လက်မှတ်သွားဝယ်ထားလိုက်မယ် ..'
Ruto ..doyoung ကို ပြောပြီး လက်မှတ်ရောင်းတဲ့ ကောင်တာကို ထွက်လာတဲ့ အချိန်မှာပဲ သူ့ဖုန်းက မြည်လာခဲ့သည် ...အာ..ဟို အရှုပ်ထုတ်လေးပဲ ...
'ဟယ်လို ...ဘာလည်း အကျီ်ဖိုး တောင်းဦးမလို့လား ..?'
ဟိုဘက်က အသံမထွက်လာခင် ဒီတစ်ခါတော့ ruto ဦးအောင်မေးလိုက်မိသည် သို့သော် တစ်ဖက်ကထွက်လာတဲ့ အသံက သူ့ထင်သလို အရှုပ်ထုတ်လေး မဟုတ် ..
'ဟယ်လို..ဟုတ်ကဲ့ပါ ..ဒီဖုန်းပိုင်ရှင်ကို လာခေါ်ပေးနိုင်မလား ခင်ဗျာ..?'
'ဟင်..ကျွန်တော်က ဘယ်ကို လာခေါ်ရမှာလည်း ပြီးတော့ သူက ကျွန်တော်နဲ့ ခင်မင်တဲ့ မိတ်ဆွေ မဟုတ်ပါဘူး ..တစ်ခြား ဖုန်းနံပါတ်ကို ဆက်သွယ်ကြည့်ပါလား...?'
'ဟုတ်ကဲ့ ..အခု ဒီ ဖုန်းပိုင်ရှင်က ကျွန်တော်တို့ ဘားမှာ မူးပြီး တစ်ခြား ဧည့်သည်တွေကိုပါ စိတ်အနှောက်အယှက်ပေးနေတာမို့ ဖြစ်နိုင်ရင် လာခေါ်ပေးစေချင်ပါတယ် တစ်ခြား ဆက်သွယ်ရမဲ့ ဖုန်းလည်း မတွေ့လို့ပါ လူကြီးမင်းသာ လာမခေါ်ရင်တော့ ကျွန်တော်တို့ ရဲစခန်းကိုပဲ ဖုန်းဆက် အကြောင်းကြားရပါလေ့မယ် ...'
Ruto နည်းနည်းတော့ အတွေးများသွားသည် သူ့နဲ့ တစ်ခါသာ တွေ့ဘူးတဲ့ သူပေမဲ့လည်း ဒီလိုမျိုး ရဲစခန်းကိုတော့ မရောက်စေချင်ပါ ဒါပေမဲ့ အခု သူ့သွားရင်လည်း doyoung က စိတ်မကောင်းဖြစ်သွားမယ် ထင်တယ် ...ဒါပေမဲ့လည်း ဟိုဘက်က အရေးကြီးတဲ့ အခြေအနေမို့ doyoung ကို ကြည့်ပြောရမှာပဲ အမှန်အတိုင်းတော့ ပြောလို့ မဖြစ်ဘူး ...
'ဟုတ်ကဲ့ ..ကျွန်တော် လာခေါ်ပေးမှာမို့ ခဏ စောင့်ပေးပါ ပြီးတော့ လိပ်စာလေး သေချာပြန်ပြောပေးပါ...'