'ruto ya ..ငါတို့ အတန်းပြီးရင် မြို့ထဲခဏ သွားရအောင်'
'မင်း ဝယ်စရာရှိလို့လား '
'အင်း ..အဲ့လိုမျိုးတော့ မဟုတ်ပေမဲ့ ဒီတိုင်း လျှောက်ကြည့်ချင်လို့ '
'Ok လေ '
သူ့ဘာပြောပြော မငြင်းပဲ အမြဲ လိုက်လျောတက်တဲ့ သူငယ်ချင်းလေးကို ကြည့်ပြီး doyoung ပြုးံမိတယ်...သူ့အတွက် မိသားစုပြီးရင် ruto ကသာ အခင်တွယ်ရဆုးံသူဖြစ်မယ် ထင်တယ် ..အဲ့ဒါကြောင့်လည်း သူ့ရင်ထဲက ခံစားချက်တွေကို ရင်မဖွင့်ရဲပါ အခု ရှိနေတဲ့ ခင်မင်မှုလေးပါ ပျက်သွားရင် သူပဲ ခံစားရမှာ မဟုတ်လား ....
.
.
.
'Kyu ရေ အတန်းပြီးရင် မင်းအိမ်ပြန်တော့မှာလား ''မင်း ကိစ္စရှိလို့လား ...?'
'ငါဒီနေ့ ဆိုင်ထိုင်ပေးရမဲ့နေ့လေ ကိစ္စအထွေအထူးရှိမနေရင် မင်းရော jihoon ရော ငါနဲ့ ဆိုင်လိုက်ခဲ့မလားလို့ ..?'
'ငါကတော့ ကိစ္စမရှိဘူး hooni ရော ..?'
'ငါလား ..ငါလည်း ဘာမှ မရှိဘူးလေ '
'အဲ့ဆို အိမ်ခဏပြန်ပြီး ညနေ suk ဆိုင်မှာ တွေ့မယ်လေ '
'Ok..'
Hyunsuk နဲ့ Jihoon က သူ့နဲ့ ငယ်ငယ်ထဲက တွဲလာတဲ့ သူငယ်ချင်းတွေမို့ သူ့အကြောင်း သူ့ခံစားချက်ကို အကုန်သိနေတဲ့ သူငယ်ချင်းကောင်းတွေ suk က သူ့အစ်ကိုဖွင့်ထားတဲ့ ဘားကို တစ်ခါတစ်လေ ဆိုင်ဝင်ထိုင်ပေးတက်တာမို့ အဲ့နေ့တွေဆို သူတို့ပါsukလိုက်ပြီး ရောက်တက်ရာရာပြောရင်း အိမ်ကို နောက်ကျမှ ပြန်နေကြ...
အိမ်ပြန်မလို့ ကားဆီလာရင်း မျက်လုးံထဲ ဝင်လာတဲ့ လူနှစ်ယောက် ...doyoung နဲ့ haruto ..သူတို့က ဘယ်သွားကြမလို့လည်း ...? ချက်ချင်း သူ့ harutoဆီ ဖုန်းခေါ်လိုက်မိသည် ..
'haruto လား ...ငါ အကျီ်ဝယ်ပြီးပြီ ..မင်း ပိုက်ဆံလာပေးတော့ ..'
'ခု ခေတ်မှာ ပိုက်ဆံပေးဖို့ လူကိုယ်တိုင်လာစရာ လိုသေးလို့လား...? ခင်ဗျား ဘဏ်အကောင့်ပေးလေ ကျွန်တော် ပိုက်ဆံလွှဲပေးလိုက်မယ် ..'