မနက်မိုးလင်းမျက်လုးံ ဖွင့်လိုက်တာနဲ့ သူ့ခေါင်းထဲ အရင်ရောက်လာတာက kyu ...ဘေးကို ကြည့်လိုက်တော့ သူ့ဘက်ကို လှည့်ပြီး အိပ်မောကျနေတဲ့ သူ့ရဲ့ ချစ်သူ ပူပူနွေးနွေးလေး ...ruto ပြုးံလိုက်မိသည်..အခု kyu က သူ့ချစ်သူ ဖြစ်နေပြီမလား...သူ မယုံနိုင်သေးပါ သူ့ အတွက် ဒါက အိမ်မက်တစ်ခုလိုပဲ ...သူ ဖွင့်ပြောလို့ မငြင်းခဲ့ရင်တောင် kyu အချိန်တော်တော်ကြာကြာတော့ ယူလေ့မယ်လို့ သူတွေးထားတာ..သူ့ဘက်ကလည်း ဘယ်လောက်ကြာကြာစောင့်မယ်လို့ စဉ်းစားထားပြီးသား..အခုတော့ သူ့မေတ္တာမှန်လို့လား kyuကသူ့ကို ချက်ချင်း ပြန်အဖြေပေးခဲ့တာ ...သူတွေးရင်း ဘေးနားက နှစ်နှစ်ခြိုက်ခြိုက် အိပ်နေဆဲ kyu ပြန်ကြည့်လိုက်မိသည်...အခုထိ အိပ်ပျော်နေတဲ့ kyu က အသဲယားလှတာမို့ ဖောင်းနေတဲ့ ပါးလေးတစ်ဖက်ကို ruto ခပ်ဖွဖွလေး နမ်းလိုက်မိသည်....
'ဘာလို့ ငါ့ကို လာနမ်းတာလည်း ...'
'Kyu က နိုးနေတာလား..အဲ့ဒါကို ဘာလို့မထသေး တာလည်း ...ကျွန်တော် အနမ်းခံချင်လို့ အိပ်ချင်ယောင်ဆောင်နေတာတော့ မဟုတ်ဘူးမလား..'
'ဖြစ်ရတယ် ...ငါက ...'
'ငါက ဘာဖြစ်လည်း...'
'ငါက မျက်နှာပူလို့ ...မင်းကို..'
'ဟားဟား ဟားဟား....ကျွန်တော် တို့က အခု ချစ်သူတွေ ဖြစ်နေပြီလေ ဘာကို မျက်နှာပူစရာ လိုလို့လည်း ....ပြီးတော့ ချစ်သူ အချင်းချင်း ရှက်ဖို့လည်း မလိုဘူး...'
'ဒါနဲ့ ..တစ်စိတ်လောက် ...မင်း အဲ့ ချစ်သူ ချစ်သူ ဆိုတာကြီးကို ထည့်မပြောလို့ မရဘူးလား...'
'ချစ်သူမို့ ..ချစ်သူလို့ ပြောတာပေါ့ ..နောက်ဆို ကျွန်တော်က kyu ကို ချစ်သူလေးရေ အသဲလေးရေလို့တောင် ခေါ်မှာ...'
'အေး ..မင်း ငါကို အဲ့လိုခေါ်တဲ့နေ့ မင်းကို ငါ မတွေ့တော့မဲ့ နေ့ပဲ...'
'ဘာလို့လည်း ...တစ်ခြား ချစ်သူ စုံတွဲ တွေလည်း အဲ့လို ခေါ်တာပဲကို...'