ဒီနေ့ kyu ကို လာခေါ်ပေးမယ်ပြောထားတာမို့ မနက်အစောကြီးထဲ ကruto ပြင်ဆင်နေမိသည်...အဝတ်အစားတွေကို တစ်ထည်ပြီး တစ်ထည်လဲနေရင်း ပုံမှန်ထက် ကြည့်ကောင်းချင်နေတဲ့ သူ့စိတ်ကို သူနားမလည် ....
Kyu အိမ်ရှေ့ရောက်တော့ ခပ်လှမ်းလှမ်းမှာ ကားကိုရပ်ရင်း kyu ထွက်လာမဲ့ ခြံတံခါးပေါက်ကိုသာ ကြည့်နေမိသည် ...သူငယ်ချင်းတစ်ယောက်ကို စောင့်နေရတာ ဒီလို စိတ်လှုပ်ရှားရတာမျိုးလား...? သူတွေးနေရင်း kyu ထွက်လာတာကို လှမ်းမြင်လိုက်သည် ..မနက်ခင်းနေရောင်ခြည်အောက်မှာ အဝါရောင် ဆွယ်တာလေးဝတ်ထားတဲ့ kyu က နေကြာပန်းလေးနဲ့တောင် တူနေသည်......
'ruto ရောက်နေတာ ကြာပြီလား...'
'မကြာသေးပါဘူး ...ဒါနဲ့ မင်း ..မနက်စာ ဘာစားခဲ့လည်း.?'
'ဟင့်အင်း...'
'အဲ့ဆို အစာပြေ တစ်ခုခု အရင်သွားစားမယ်လေ ...ပြီးရင် ကစားကွင်းသွားပြီးမှ ခေါက်ဆွဲအေး သွားစားကြမယ် ...'
'ရတယ် မင်း အဆင်ပြေသလို လုပ်...'
'ဘာလည်း...ငါကို စိတ်ဆိုးမပြေသေးဘူးလား...?'
'ငါ မင်းကို စိတ်ဆိုးတယ်လို့ ဘယ်သူက ပြောလို့လည်း ...'
'ဟုတ်တယ် ဟုတ်တယ် kyuက စိတ်ဆိုးနေတာ မဟုတ်ဘူး စိတ်ကောက်တာ ...'
'Haruto ..!!!'
သူ့နာမည်ကို အော်တာ နှုတ်ခမ်းဆူပြီး မျက်စောင်းပါထိုးပြီး ကြည့်လာတော့ ruto ရီလိုက်မိသည်...ဒီလို ပုံစံလေးက သူ့ထက် ၄နှစ်ကြီးပါတယ်လို့ ပြောရင် ဘယ်သူ့ ယုံမှာလည်း...
.
.
.
တစ်နေကုန် လည်ပတ်ပြီး ညနေစောင်းဟန်မြစ်ဘေး စက်ဘီးစီးသင်ပေးရင်း kyu က မောပြီဆိုလို့ သူ့မှာ အအေးပြေးဝယ်ရသေးသည်...အအေးဝယ်ပြီး ပြန်လာတော့ ခုံလေးပေါ်မှာထိုင်ရင်း လက်တွေကို နောက်ကိုထောက်ထားကာ မျက်နှာလေးမော့ပြီး လေညင်းခံ နေတဲ့ kyu ပုံစံက ပန်းချီကားထဲက ပုံရိပ်လေးလို...