ဒီရက်တွေ ပုံမှန်အတိုင်း ruto နဲ့ တွေ့နေပေမဲ့ ruto ဘက်က ဘာမှ စမပြောသေးတာမို့ junkyu နည်းနည်းတော့ တွေဝေနေမိသည် ...ruto စိတ်ဝင်စားနေတယ်ဆိုတာ သူမဟုတ်တာများလား..ဒါဆိုရင် ဘယ်လို လုပ်ရမလည်း ..ငါ ကိုယ့်ကိုယ်ကို အထင်ကြီးမိနေတာလား....
'Kyu ..ဘာအကြောင်း စဉ်းစားနေတာလည်း ....?'
'မနက်ဖြန် အပြင်သွားဖို့အကြောင်းပါ...ဒါနဲ့လေ ruto ya မနက်ဖြန်ပိတ်ရက်ဆိုတော့ ဟန်မြစ်မှာ ညနေဘက် စက်ဘီးစီးထက်သွားသင်ရအောင်...ငါ သေချာမစီးတက်သေးဘူးလေ...'
'Sorry ပါ kyu ရယ် မနက်ဖြန် ညနေတော့ မရဘူး ...မနက်ပိုင်း ဆိုရင်ရော....?'
'မနက်ဖြန်ပိုင်းဆို နေက ပူနေမှာ ဒါနဲ့ ညနေက ဘာလို့လည်း
....''မနက်ဖြန်က doyoung မွေးနေ့ရှိတယ် kyu ရဲ့ doyoung က မွေးနေ့ဆို မနက်ပိုင်းကို အိမ်မှာ သူ့မိဘတွေနဲ့ အတူ မွေးနေ့လုပ်ပြီးမှ ညနေဆို ကျွန်တော်ကို သီးသန့်လိုက်ကျွေးနေကြ သူငယ်ချင်းနှစ်ယောက် ကိတ်မုန့်ခွဲနေကြ...'
ပုံမှန်ကိစ္စတစ်ခုသာဆို မသွားတော့တာမျိုး ဒါမှ မဟုတ်လည်း မနက်ပိုင်း ruto အားတဲ့အချိန်ကို ပြောင်းပေးနိုင်သော်လည်း အခု doyoung ကြောင့် ဆိုတာသိတော့ junkyu ဘယ်လို မှ အလျော့မပေးနိုင်တော့ ...ဒါနဲ့ မနက်ဖြန်က doyoung မွေးနေ့တဲ့လား...?သူ သေချာ မသိသလို သိစရာအကြောင်းလည်း မရှိဘူးလေ...
'မသိဘူး မနက်ဖြန်မှ မသင်ရရင် မသင်တော့ဘူး...'
'Kyu ရယ် နောက်ရက်တွေ ဘယ်နေ့ပဲ ဖြစ်ဖြစ် သင်ပေးမယ်လေ မနက်ဖြန် တစ်ရက်... တစ်ရက်ထဲလေ နော်...စိတ်မဆိုးပါနဲ့...'
'Ruto က ငါ့ကို doyoung လောက် မခင်ဘူး...'
'Kyu ရယ် အဲ့လို မဟုတ်ပါဘူး ...kyu နဲ့ ခင်ပြီးထဲက ကျွန်တော် doyoung ထက်တောင် kyu နဲ့ပဲ အတူရှိတာ မလား ...မနက်ဖြန်ကတော့ မွေးနေ့မို့ပါ...နောက်ရက်တွေဆို kyu နဲ့ပဲ ရှိနေမှာပါ...'