'ဟော...ဘယ်လို ဖြစ်လို့ငိုရတာလည်း... ခလေးလို...'
'ruto ya ငါတစ်ကယ် ငိုချင်နေတာနော်...လေယာဉ်ကွင်းမှာ မင်းကို မတွေ့ရကတည်းက ငါငိုချင်နေခဲ့တာ jihoonတို့ရှေ့မှာ ငါဘယ်လောက်တောင် အောင့်အီးထားရသလည်း...အခုမှ ငါစိတ်ရှိလက်ရှိ ငိုရတာ...'
'ဟားဟားဟား...ငိုပါ ငိုပါ...အခု ကျွန်တော်က kyu ကိုချော့ပေးမှာဆိုတော့ အားရအောင်ငို ဟုတ်ပြီလား...'
' ငါ့ကို မလှောင်ပါနဲ့...မင်းပဲ ဒီလိုငိုအောင် လုပ်တာ မဟုတ်ဘူးလား... ဘာလို့ ငါ့ကို ညာရတာလည်း...'
ငိုနေရင်းက အခုမှ သူ့ကို စိတ်ဆိုးဖို့ သတိရသွားသလို ချက်ချင်း နှုတ်ခမ်းဆူပြီးမေးလာတဲ့ ရင်ခွင်ထဲက အကောင်ပေါက်လေးကြောင့် ruto ရီလိုက်မိသည်...သူ့ရဲ့ kyu ကတော့ အခုချိန်ထိ တစ်ကယ့်ကို မပြောင်းလဲသေးဘူးပဲ....
'ဘာရီနေတာလည်း...ငါမေးတာ ဖြေဦးလေ... ဘာလို့ ငါဝမ်းနည်းရအောင် ညာပြောရတာလည်းလို့...'
'ကျွန်တော်သာ အဲ့လို မပြောရင် kyu က အခုချိန်ထိ ကျွန်တော်ကို လာတွေ့မှာ မဟုတ်ဘူးမလား...?'
'ငါ...မင်းကို မတွေ့ချင်လို့မဟုတ်ပါဘူး... ငါကြောက်နေလို့ပါ.... မင်း ငါ့ကို ခွင့်မလွှတ်မှာ ငါ့ကြောက်နေခဲ့လို့ပါ...'
'kyu...ကျွန်တော်လေ kyu နဲ့ ပတ်သတ်သမျှ အရာအားလုးံကို သဘောကျပေမဲ့ အဲ့လိုမျိုး ကိုယ့်အတွေးနဲ့ကိုယ်ပိတ်လောင်နေတက်တဲ့ အကျင့်ကိုတော့ တစ်ကယ် သဘောမကျဘူးနော်...ဘာလို့ ကိုယ့်ဘာသာတွေးပြီး ကိုယ့်ဘာသာဆုးံဖြတ်ရတာလည်း...'
'အဲ့ဆို ...မင်းက ငါ့ကို စိတ်မဆိုးဘူးလား...'
'အင်း..စစတုးံကတော့ ကျွန်ကို လိမ်လို့ စိတ်ဆိုးတာပေါ့... ဒါပေမဲ့ အဲ့နေ့ကတည်းက Doyoung က kyu တို့အိမ်အခြေအနေကို ရှင်းပြတော့ ကျွန်တော်နားလည်ပေးလို့ရပါတယ်...ပြီးတော့ kyu တို့အိမ်မှာ ဖြစ်သမျှ ကိစ္စတွေကို doyoung ပြောလို့ ကျွန်တော်အကုန်သိတယ် အန်တီနာယောင်းက kyu အိုမားဆိုတာရော...'
'ဒါနဲ့တောင်.. ငါ့ကို ဖုန်းတစ်ချက် မဆက်ဘူးနော်.. အဲ့ရက်တွေက ငါဘယ်လောက်ဝမ်းနည်းပြီး အထီးကျန်ခဲ့ရသလည်း...ငါ မင်းကို လွမ်းနေခဲ့တာ...'