မနက် အိပ်ရာနိုးနိုးခြင်း ruto သူ့ဘေးက လူကိုကြည့်ပြီး ရုတ်တရက်လန့်သွားမိသည် ပြီးမှ ညက အကြောင်း အရာတွေကို ပြန်တွေးရင်း သူ့ဘက်ကို လှည့်ကာ ခုချိန်ထိ စိတ်အေးလက်အေး အိပ်ပျော်နေတဲ့ အရှုပ်ထုတ်လေးကို ပြန်ကြည့်မိပြန်သည်....ဆူပုတ်ပြီး ဒေါသထွက်နေတဲ့ ပုံမျိုးမဟုတ်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာက ခလေးလိုပဲ ပါးလေးတွေ ဖောင်းပြီး တစ်ကယ်ကို အပြစ်ကင်းတဲ့ ပုံစံလေးက koala အကောင်ပေါက်လေးနဲ့တောင် တူနေသေးတာ ....
'ချစ်စရာကောင်းရဲ့သားနဲ့ ဘာလို့ ခပ်ဆိုးဆိုးပုံစံမျိုး လုပ်နေရတာလည်း...'
သူ့ဘာသာရေရွတ်လိုက်မိပေမဲ့ တစ်ဖက်က မျက်လုးံ ဖွင့်ကြည့်လိုက်တာမို့ ruto လန့်သွားရသလို အရှုပ်ထုတ်လေးကလည်း အံသြနေပုံရပြီး သူ့ကို မျက်လုးံ အပြူးသားနဲ့ ပြန်ကြည့်နေသည်....
'မင်းက ဘာလို့ ငါအခန်းထဲ ရောက်နေတာလည်း ..?'
'ရူးနေတာလား ..သေချာကြည့်ပါဦး ..ခင်ဗျား ဘယ်သူ့ အခန်းထဲ ရောက်နေတာလည်းလို့ ..'
မျက်လုးံ စဖွင့်တာနဲ့ ခပ်စွာစွာပြောလာတဲ့ သူကို ကြည့်ပြီး ruto ရီချင်သလို သူ့ပြန်ပြောလိုက်တော့မှ ပြူးတူးပြဲတဲ နဲ့ အခန်းအနှံ့လိုက်ကြည့်နေတာကြောင့် ပြုးံမိပြန်သည်...
'နေပါဦး ..အခု ဒါက မင်းအခန်းဆို ..ငါက ဘာလို့ မင်းအခန်းထဲ ရောက်နေတာလည်း ...?'
'အင်...ခင်ဗျားတစ်ကယ်ပဲ မမှတ်မိတော့တာလား ..? ညက ခင်ဗျား ဘားမှာ သောင်းကျန်းနေတာ လာခေါ်ဖို့ ဖုန်းဆက်လို့ ကျွန်တော်က ကူညီပေးတာလေ..'
'ငါကလား...?'
'ဟုတ်တယ်လေ ...ဘာလည်း ကျွန်တော်ကများ ခင်ဗျားကို ကားတင်ပြေးလာတယ် ထင်နေတာလား...'
'ငါသေချာ မမှတ်မိတော့လို့ မေးတာလေ ..ဘာလို့လည်း..'
ခုချိန်ထိ သူ့ကိုကျေးဇူးတင်စကား တစ်လုးံမှ မပြောတဲ့အပြင် ဘုကလန့်တွေကြီး ပြောနေတဲ့ ရှေ့က လူကိုကြည့်ပြီး စောစောက ချစ်ဖို့ကောင်းတယ်လို့ တွေးနေမိတဲ့ ငါက ရူးနေတာနေမှာလို့ ruto ကိုယ့်ဘာသာ ပြောနေမိသည် ...