ep-13

309 56 0
                                    

Ruto တစ်​​နေကုန်​ doyoung နဲ့ ​လျှောက်​သွား​နေရ​ပေမဲ့ စိတ်​က​တော့ kyu ဆီပဲ ​ရောက်​​နေသည်​ ..သူတစ်​မနက်​လုးံ ဖုန်းဆက်​လည်း မကိုင်​ massage ပို့လည်း စာမပြန်​နှင့်​မို့ သူစိတ်​​တွေ ပူ​နေသည်​ ...ဟိုတစ်​ခါလို ဘားမှာ မူးပြီး ​သောင်းကြမ်း​နေမလား ...ဒါမှ မဟုတ်​ သူ့ကို ​ဒေါသထွက်​ပြီး ဘယ်​သူ့ကို ပြသာနာလိုက်​ရှာ​နေပြန်​ပြီးလည်း အ​တွေးများနှင့်​ ဘာမှ အာရုံမစိုက်​နိုင်​​တော့ .....

'Ruto ...မင်း ဘာစားမှာလည်း...'

'ဟင်​..​အော်​ ရတယ်​ ရတယ်​..မင်းစားချင်​တာပဲ ဝယ်​​လေ..'

တစ်​မနက်​လုးံ စိတ်​နဲ့ လူနဲ့မကပ်​သလို အခု ရုပ်​ရှင်​ရုံ​ရောက်​တဲ့အထိ ဖုန်းကို ကြည့်​လိုက်​ ပိတ်​လိုက်​ ဖွင့်​လိုက်​ နဲ့ ဂနာမငြိမ်​ဖြစ်​​နေတဲ့ ruto ကိုကြည့်​ပြီး doyoung စိတ်​ထဲ ဝမ်းနည်းလာသည်​ ...​သေချာ​ပေါက်​ ruto မှာ တစ်​ခြား သူရှိ​နေတယ်​ ထင်​တယ်​ ..ဘယ်​သူ ဖြစ်​နိုင်​မလည်း ...​သူ့တို့ အလယ်​တန်း​ကျောင်းသား ဘဝထဲက မိန်းခ​လေးကြားထဲ ​ရေပန်းစားသူ့မို့ ruto ကို စိတ်​ဝင်​စားတဲ့ မိန်းခ​လေး​တွေက​တော့ အများကြီးပါ ဒါ​ပေမဲ့ ..ruto က ဘယ်​သူ့ကိုမှ စိတ်​ဝင်​စားခဲ့တာ မဟုတ်​....

'ruto ..မင်း..တစ်​​ယောက်​​ယောက်​ ဖုန်းကို ​မျှော်​​နေတာလား..'

'မ​မျှော်​ပါဘူး...ဘာလို့လည်း..?'

'မသိဘူး​လေ...မင်းက တစ်​ချိန်​လုးံ ဖုန်းကိုပဲ ကြည့်​​နေလို့...'

'ဘာမှ မဟုတ်​ပါဘူး...လာ ရုပ်​ရှင်​ပြ​တော့မယ်​ ငါတို့ အထဲ ဝင်​ရ​အောင်​....'

ရုပ်​ရှင်​ရုံထဲ​ရောက်​​တော့လည်း ရုပ်​ရှင်​ဇာတ်​လမ်းက ruto ကို မဖမ်းစားနိုင်​ပါ..သူ kyu ကိုသာ massage ​တွေ ဆက်​ပို့​နေမိသည်​...

"Kyu  စိတ်​ဆိုး​နေတာလား..."
"Kyu ကျွန်​​တော်​ကို စာပြန်​ပါဦး..."
"Kyu စိတ်​မဆိုးပါနဲ့​တော့..."
"Kyu မင်းဘားကို​ရောက်​​နေတာ​တော့ မဟုတ်​ဘူးမလား."
"Kyu အခု မင်းဘယ်​မှာလည်း.."

သူက သာအဆက်​မပျက်​ပို့​နေ​ပေမဲ့ kyu ဆီက​တော့ ပြန်​စာမလာ kyu အဲ့​လောက်​ စိတ်​​ကောက်​တက်​မှန်း သူမသိပါ အဲ့လိုပဲ ..သူအဲ့​လောက်​ ​ချော့တက်​မှန်းကိုလည်း သူ့ကိုယ်​သူ ခုမှ သိသည်​ ..ဒါကလည်း kyu မို့ သူဒီ​လောက်​ ​ချော့​နေမိတာထင်​တယ်​....ဇာတ်​ကွက်​တစ်​ခုမှကို သူ့သတိမထားမိ​ပေမဲ့ ရုပ်​ရှငိက​တော့ ပြီးသွားခဲ့ပြီ ....

CheckmateWhere stories live. Discover now