'junkyu မင်းပေါ်လာသေးတယ်နော်....'
သူ့ကိုတွေ့တာနဲ့ ခပ်ရွဲ့ရွဲ့ပြောလာတဲ့ jihoon စကားကြောင့် သူရီလိုက်သည်....ပြောလည်း ပြောချင်စရာ သူကလည်း ဒီတစ်ပတ်လုးံ ruto နဲ့ပဲ အချိန်ကုန်နေခဲ့တာမလား ....
'အဲ့လောက်တောင် ဖြစ်နေပြီလား ..ငါက '
'jihoon ပြောလည်း ပြောစရာပဲ...ဒီရက်တွေ မင်းက ပျောက်တာက များနေပြီ အခန်းထဲမှာကြတော့ စာသင်နေရတာနဲ့ သေချာစကားမပြောဖြစ်...ဘားကိုလည်း မလာနဲ့ ..ပြောပါဦး rutoနဲ့ အခြေအနေ ...'
'အထူးတလည်တော့ ဘာမှ မရှိပါဘူး ဒီရက်ပိုင်း ruto နဲ့ တွေ့ဖြစ်နေတယ် ဒီလောက်ပါပဲ ....'
'ဒါပဲလား...?'
'အင်းလေ ..ဒါပဲပေါ့ မင်းက ဘာသိချင်တာတုးံ jihoon ရ..'
'ငါကပြောတာကကွာ ...ruto က မင်းပေါ် ဘယ်လို စိတ်အခြေအနေ ရှိနေပြီလည်း ဘာလည်း ညာလည်းပေါ့...'
'အဲ့ဒါတော့ ငါလည်း ကြိမ်းသေ မပြောတက်သေးဘူး ..ဒါပေမဲ့ ငါ့ဖုန်းဆက်လို့ ခေါ်တိုင်းတော့ လာပေးတယ်...'
'အဲ့တော့ doyoung ထက် မင်းကို အချိန်ပေးတယ်ပေါ့ အဲ့လိုလား...'
'မဟုတ်ဘူး suk ..ငါ သူနဲ့တွေ့တာက ကျောင်းပြန်ချိန်မှ ..doyoung က သားလိမ်မာလေး သိပ်လုပ်ပြချင်တော့ ကျောင်းပြီး ရင် အိမ်တန်းပြန်တာများတယ်လေ ....'
'မင်းပြောတော့ doyoung ကို စိတ်အနှောကိအယှက်ပေးချင်တာဆို ...အခုကြတော့ ruto နဲ့ ဒိတ်နေတာလား ...?'
'ရားးးးparkjihoon ငါပြောတာလေး နားထောင်ပေးပါဦး ...ငါက လောလောဆယ် doyoung နဲ့ ထိုက်တိုက်မတွေ့သေးတာ ငါနဲ့ ruto က အခုမှ ခင်တာလေ ပြီးတော့ ဟိုတစ်ခါ လာခေါ်ခိုင်းတုးံကလို မဖြစ်မနေ ကိစ္စမျိုးမဟုတ်ပဲ ခေါ်ဖို့ ကမလွယ်ဘူးလေ အဲ့တော့ ဒီရက်ထဲ သူနဲ့ ပိုရင်းနှီးအောင် ကြိုးစားနေတာ....'
'အဲ့တော့ အခု ပိုရင်းနှီးလာပြီပေါ့ ..အဲ့လိုလား ..?'
'အင်း..အဲ့လိုပြောလို့ရတယ် ...ငါပြောတဲ့ စင်ဒရဲလား ဇာတ်လမ်းကြောင့် သူက ငါ့ကို သနားနေပုံရတယ် သေချာ ပေါင်းကြည့်တော့လည်း ruto က မဆိုးပါဘူး ပေါင်းလို့ သင်းလို့ကောင်းပါတယ်....'