မနက် မိုးလင်းထဲက ရှိုးစမိုးအပြည့် ပြင်ဆင်ပြီးထွက်သွားတဲ့ doyoung ကို ကြည့်ပြီး junkyu စိတ်မကြည်တော့..သူ့ကို ငြင်းလိုက်တဲ့ ruto ကိုလည်း တွေးပြီး ဒေါသထွက်နေသည်.....
'သားကြီး...ထူးထူးခြားခြား ဒီနေ့ပိတ်ရက်ကို ဘယ်မှ မသွားဘူးလား...?'
'မသွားဘူး ...အပါး..'
'သားကြီးက ..ဒီနေ့ အိမ်မှာပဲ ရှိမယ်ဆို စားချင်တာရှိရင် ပြောလေ အိုးမားချက်ပေးမယ်...'
သူ့တစ်ခုခုပြောမယ် ပြင်လိုက်ပြီးမှ အပါးရှေ့မှာမို့ သူ့ဘာမှ မပြောဖြစ်တော့ ...သက်သက်အပါးရှေ့ အမှတ်ဝင်ယူနေတာ ...'
'ရတယ် ကြိုက်တာချက်....အကုန်စားတယ်..'
'အဲ့ဆို သားကြီး အပါး ကုမ္ပဏီ ခဏသွားဦးမယ် အလုပ်တွေများနေလို့ ပိတ်ရက်ကိုတောင် မနားရဘူး... သားကြီးလည်း...အခန်းထဲပဲ နေမနေနဲ့ဦးနော်...ဟုတ်ပြီလား ...'
'ဟုတ်ကဲ့ပါ ..အပါး ..'
အပါး ကုမ္ပဏီ ကိုထွက်သွားတာနဲ့ သူလည်း သူ့အခန်းထဲ ပြန်လာခဲ့ပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိ ယောင်ချာချာ ဖြစ်နေရင်.. hooni ဆီ ဖုန်းဆက်ဖို့သတိရမိသည်...
'ဟယ်လို..hooni ..မင်းဘယ်မှာလည်း..?'
'ငါလား..အခု အိမ်မှာလေ...ဒါနဲ့ ပိတ်ရက်ကို မင်းကောင်လေးနဲ့ မဒိတ်ဘူးလား...'
'ငါ့ကောင်လေး...အေးးး Parkjihoon မင်းတွေ့ရင် သေပီသာမှတ် သိလား...'
'စိတ်မဆိုးပါနဲ့ my kyu ရယ် ငါ့က စတာကို ...'
'စမနေနဲ့ ငါစိတ်ကြည်မနေဘူးနော်...'
'အဲ့ဆို ညနေ suk တို့ ဘားကို လာခဲ့လေ ..ငါလည်း ရှိနေမယ် ...အဲ့ကြမှ သေချာပြောပြ မင်းစိတ်မကြည်ရတဲ့ အကြောင်အရင်း....'
'Ok အဲ့ဆို ညနေ တွေ့မယ် ...'
Jihoon နဲ့ ဖုန်းပြောပြီး သူ့ ထမင်းစားဖို့ အောက်ထက်ကိုဆင်းလာပြီး ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်သည်....ဝက်နံရိုး အချိုပေါင်း ကင်ချီဟင်းရည်နဲ့ ကြက်ဥလိပ်ကြော် ပြီးတော့ တစ်ခြား ဟင်းတွေ ...ဒီဟင်းတွေက သူအရမ်းကြိုက်လို့ အိုမားရှိတုးံကိုဆို အမြဲ ချက်ပေးနေကြ ဟင်းတွေ မလား....