Junkyu တစ်နေကုန် စာသင်နေတာကို စိတ်မဝင်စား ညနေ doyoung တို့ ရုပ်ရှင်သွားကြည့်တာကို ကဖျက်ကရက်ဘယ်လို လုပ်ရမလည်းပဲ တစ်ချိန်လုးံ တွေးနေမိသည်...
'ငါတို့ရဲ့ angry bird လေး ဘာတွေ အလိုမကျဖြစ်နေလည်း..?'
'ရားးးparkjihoon ငါ့ကို အဲ့လို မခေါ်ပါနဲ့လို ပြောထားတယ်မလား...'
'Jihoon ခေါ်လည်း ခေါ်ချင်စရာပဲ မင်းကို ကြည့်လိုက်တိုင်း အမြဲ နှုတ်ခမ်းကဆူနေပြီး ဒေါသကြီးနေတာကို..ပြီးရင် တစ်လောကလုးံကို မင်းပဲရှာကျွေးနေရသလို ရုပ်မျိုးနဲ့ အဲ့ဒါကြောင့်လည်း မင်းအကြောင်းသိနေတဲ့ ငါတို့နှစ်ယောက် အပြင် မင်းမှာ သူငယ်ချင်း အသစ်မရတာ ..'
'ငါကလည်း သူငယ်ချင်းအသစ် လိုချင်မနေပါဘူးနော် ..'
Suk အပြောကို ဘာမှမဖြစ်သလို ပြောလိုက်ရပေမဲ့ junkyu နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်..အိုမား ရှိတုးံကဆို junkyu ဆိုတာ ပျော်ပျော်နေတက်ပြီး ပေါင်းသင်းဆက်ဆံရေး အရမ်းကောင်းတဲ့ ခလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာခဲ့ရတာ မဟုတ်လား နောက်ပိုင်း ဟိုသားအမိနှစ်ယောက်ကြောင့်သာ သူ့မှာ အပါးကိုလည်း ဒေါသထွက် သူ့ဘဝကိုလည်း မကျေနပ်နဲ့ လောကကြီးကို အရွဲ့တိုက်ရင်းအခုလို လူတွေ ကြားမှာ အမြင်ကပ်ချင်စရာကောင်းတဲ့ ပုံစံမျိုး ထွက်နေတာ အဲ့ဒါကြောင့်လည်း ငယ်ငယ်ထဲက ပေါင်းတဲ့ suk နဲ့ hooni ကလွဲရင် သူမှာ တစ်ခြားသူငယ်ချင်း မရှိတာပေါ့ .....
'Junkyu ya ...ငါကနောက်လိုက်တာပါ စိတ်မကောင်းဖြစ်သွားတာလား...?'
အတွေးတွေနဲ့ ခဏ ငြိမ်သွားတဲ့ သူ့ကို suk က စိတ်ပူသလို မေးလာတော့ သူပြုးံမိတယ် သူ့ကို စိတ်ပူပြီး သူ့ပြောသမျှ လိုက်ဖြည့်ဆည်းပေးတာ ဒီ သူငယ်ချင်းလေးနှစ်ယောက်သာ ရှိတယ်မဟုတ်လား ...ဒါနဲ့ suk က ဘားဆိုင် ဒီနေ့ထိုင်ပေးရမဲ့ နေ့ပဲ သူ အကြံတစ်ခု တွေးလိုက်မိတယ်haruto သူ့ကို လုးံဝ ငြင်းလို့မရမဲ့ အကြံမျိုး....