"ကျန်းဝေက ငါနာမည်ကိုမှတ်မိနေတယ်"

7K 262 0
                                    

For unicode-

"နာမည်!!"

"မတော်တဆ မှန်ရဲ့လား?"

ထိုမိန်းကလေးရဲ့အမေဟာ သူမသမီးရဲ့ မျက်လုံးထဲက မီးတောက်တွေကို ကြည့်လိုက်ရင်း "မတော်တဆပါ ဘာများထပ်ရှိရမှာလဲ?"သူမသမီးပုခုံးကို ပုတ်လိုက်ရင်း နှစ်သိမ့်လိုက်တယ်။

သူမက ခေါင်းကိုရမ်းပြလိုက်တယ် မတော်တဆမှန်တယ်ဆိုရင် ဘာလို့ အဒေါ်က အ့ကားကို မီးနီတာကို ဖြတ်တိုက်ခဲ့မှာလဲ လူတယောက်သေသွားတာကို မတော်တဆမှန်တယ်လို့ ပြောနေသည့် သူမအမေကိုလည်း နားမလည်နိုင်။

"​ကောင်းပြီ" သူမမျက်နှာကို အခြားတဖက်ကိုလှည့်လိုက်ရင်း ထိုင်နေရာကနေ ပြန်လဲချလိုက်တယ် အမေက မတော်တဆလို့ ဆက်ပြောနေရင် သူမထပ်ပြောစရာမရှိတော့ပေ။

သမီးကို မလိမ်လို့မဖြစ်သည့် အခြေအနေ၊ မတော်တဆဖြစ်ပြီး တပတ်ကြာမှ နိုးထလာတဲ့ သမီးကို ဒီမတော်တဆဟာ သူမအဒေါ်အကွက်ချ" စီစဥ်ထားပြီး လူတယောက်ကိုသေစေခဲ့သည့် ထောင်ချောက်ဟုမပြောပြချင် ၊သူကိုယ်သူလည်း ကြံရာပါလို့ အထင်ခံပြီး တဘဝလုံးမုန်းသွားစေမယ့် အဖြစ်မျိုး မဖြစ်မခံနိုင်သဖြင့် ဒီလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်တယ် ။

ဒီမတော်တဆက ရည်ရွယ်ထားတဲ့ပုံစံမျိုးပဲ ။အဒေါ်နဲ့ကျွန်မ အတူ"သွားခဲ့ကြပြီး အဒေါ်က ကားမောင်းခဲ့တယ် တနေရာရောက်တော့ တခု"ရှာတွေ့သွားခဲ့တဲ့ပုံနဲ့ မီးနီကိုဖြတ်ပြီး ကားမောင်းခဲ့ပြီး တဦးတယောက်ရဲ့ ကားကို အရှိန်ပြင်း"နဲ့ ဝင်တိုက်ခဲ့တယ် ကျွန်မမြင်လိုက်ရတာက သွေးတွေပေနေခဲ့တဲ့ ကောင်မလေးတယောက်ပါပဲ အ့ကလေးက အခုသိရတော့ ဆုံးသွားပြီဆိုတာကိုပဲ သူမိသားစု ဘယ်လောက် နာကျင်နေမလဲ အဒေါ်က ဘာလို့ဒီလိုလုပ်ခဲ့ရတာလဲ မေးခွန်းတွေအများကြီး ပေါ်ထွက်လာပေမယ့် ဘာကိုမှစဥ်းစားလို့မရလောက် ခေါင်းက ဗလာဖြစ်နေခဲ့တယ် ဘာမှတ်ဉာဏ်မရှိ ဘယ်သူကဘယ်သူဆိုတာကို မသိ ဗလာနတ္တိ။

"အတိတ်မေ့ခြင်းရောဂါ တနည်းပြောရရင် မတော်တဆကြောင့် မှတ်ဉာဏ်ပျောက်ဆုံးခြင်း " မှတ်ဉာဏ်ပျောက်ဆုံးခြင်းရဲ့ အကြောင်းရင်းများကို ဆရာဝန် ရှင်းပြတာနားထောင်ရင်း သူမဟာတချက်ပြုံးလိုက်မိတယ်။
လူကိုတိုက်ပြီး သတ်တဲ့မတော်တဆ ကြံရာပါဖြစ်ပြီး အခုမှတ်ဉာဏ်ကထိပါ အားလုံး ပျောက်ဆုံးနေတဲ့အဖြစ် ရယ်ချင်လိုက်တာ 'yu yan နင်ဘယ်တုန်းက ဟာသကြီးဖြစ်သွားတာလဲ?'(သူမကိုယ်သူမ ပြောတာပါ)

Denstiny To Love You (ဖူးစာပါရာ)Wo Geschichten leben. Entdecke jetzt