[Unicode]ချန်းမင်းမှာ အတန်းမတက်ပဲ အဆောင်၌ အိပ်နေလေသည် ချောင်ကျန်းဝေ ပြန်ရောက်လာမှ စာအုပ်တချို့ ငှါားကာ ပြန်ကူးနေရင်း "ကျန်းဝေ မင်းငါကိုပြောစရာရှိတယ်မလား?" တည်"ငြိမ်" မေးလေသည်
"အင်း ငါကရှန်ယူယန်ကို သဘောမကျဖူး" ချောင်ကျန်းဝေက အကျီလဲလိုက်ရင်း ပြန်ဖြေလေသည်
ချန်းမင်းမှာ ခေါင်းတချက်ငြိမ့်ပြကာ ဘာမှဆက်မေးခြင်းမရှိ စာပြန်ကူးနေလေသည် ချန်းမင်းမှာ သိလိုစိတ်မရှိ မေးရန်လည်းမလိုဟု ခံစားရသောကြောင့်ဖြစ်သည် (ကော"က သူမှာလည်း သူ့အကြောင်းနဲ့သူရှိတယ်လို့ ပြောချင်တာပါ)
ရှန်ယူယန်မှာလည်း ချောင်းကျန်းဝေနဲ့ မျက်နှာချင်းမဆိုင်အောင် နေလေသည် မြင်လျင်လည်း ရှောင်လေသည် ဘယ်လိုအပြူအမူမှုမျိုးမှ ချောင်ကျန်းဝေကို မြင်သာအောင်မပြချေ။
နှစ်ဝက်ကုန်ပြီး စာမေးပွဲနီးကပ်လာသည့်အပြင် ကျောင်းမှ ပွဲတချို့အားလည်း စီစဉ်နေကြသည် အထူးသဖြင့် စကားရည်လုပွဲ ထိုပွဲမှာလူကြိုက်များသည့်အပြင် ချောင်ကျန်းဝေက ပင်တိုင်ပါဝင်သူဖြစ်လေသည် ကောင်မလေးများမှာ ချောင်ကျန်းဝေနဲ့ တဖွဲ့တည်းကျရန် အသည်းအသန်တန်းစီကာ စာရင်းပေးကြသော်လည်း လူတော်"များ"ပြုတ်ကြလေသည်။
ရှန်ယူယန်မှာ ထိုပွဲများကို စိတ်မဝင်စား စာကြည့်တိုက်၌သာ အချိန်ပြည့်ရှိနေလေသည် ချန်းမင်းကလည်း သူမအား တခါတလေလာတွေ့လေရှိသည် (ရှန်ယူယန်ဟာ ယခုရက်ပိုင်းအတွင်း သူမဆံပင်ကို ဂုတ်ထိညှပ်ပစ်လိုက်ပြီး ရွှေအိုရောင်ကာလာနဲ့ လိုက်ဖက်နေလေသည်)
သူမမှာ ယခုလည်းစာကြည့်တိုက်၌ စာလုပ်နေလေသည်
စီနီယာတချို့ သူမစားပွဲဆီရောက်လာကာ ခုံယူကာ ထိုင်ကြလေသည် "ရှန်ယူယန် ဟုတ်တယ်မလား?"ရှန်ယူယန်မှာ ခေါင်းမော့ကြည့်လိုက်ရင်း "ဟုတ်ပါတယ်"
"အမတို့က ညီမလေးကို အမတို့ အဖွဲ့မှာပါဖို့ကမ်းလှမ်းချင်လို့ပါ ညီမလေးကအတန်းထဲမှာ စာတော်တယ်လို့ကြားပြီး ဗဟုသုတလည်းကြွယ်တယ်ကြားတယ် အမတို့အဖွဲ့မှာ ချောင်ကျန်းဝေတော့ မရှိပေမယ့် ညီမပါရင်တော့ အားပိုရှိမှာပါ"
![](https://img.wattpad.com/cover/267750826-288-k562029.jpg)
ESTÁS LEYENDO
Denstiny To Love You (ဖူးစာပါရာ)
Romanceချောင်ကျန်းဝေဆိုတဲ့ ကောင်လေးတယောက်ကို တဖက်သတ်အနေနဲ့ 5နှစ်လောက်ကြိုက်လာတဲ့ ကောင်မလေးတယောက် ယာဥ်မတော်တဆဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး နောက်တကြိမ် သူမတိတ်တခိုးချစ်ရသူကို ပြန်တွေ့ချိန်မှာတော့ သူမရဲ့ခံစားချက်တွေက အရင်တိုင်းပဲလား? ပြောင်းလဲသွား...