"သီချင်းသံ"

1.9K 160 0
                                    

Unicode-

ရှန်ယူယန်မှာ ချောင်ကျန်းဝေ မေးခွန်းကြောင့် ပြန်ဖြေရန်အဖြေမရှိ 'သူမက သူအားအတင်းရှင်းပြနေခြင်း မဟုတ်သော်လည်း သွယ်ဝိုက်မကြိုက်ကြောင်း တွေ့တိုင်းပြောနေခြင်း မှန်လေသည်'

"ငါကိုမပြောနဲ့နော် မင်းမှာအဖြေမရှိဖူးလို့" ချောင်ကျန်းဝေက ထပ်မံပြောလေသည်

"ကျန်းဝေ နင်သိလား ငါကကြိုက်တာနင်လို့ ဘယ်သူပြောလဲ ငါတကယ်ကြိုက်တာက ချန်းမင်းပဲ" ရှန်ယူယန်မှ ချောင်ကျန်းဝေမျက်လုံးအချို့ကို တည့်"ကြည့်ကာ ဖြေလိုက်လေသည်

ချောင်ကျန်းဝေမှာ သူမလက်ကိုလွှတ်လိုက်လေသည် ရှန်ယူယန်မှာလည်း ခပ်သွက်"ထွက်ပြေးသွားပြီး ချောင်ကျန်းဝေမှာ ထိုနေရာမှဖြင့်၁၅မိနစ်လောက် မသွားပဲရပ်နေလေသည် ချန်းမင်းမှာလည်း ရှန်ယူယန်စကားတချို့ကြောင့် ဘာအဓိပ္ပာယ်ကောက်ရမှန်းမသိသော်လည်း သူမှာ ချောင်ကျန်းဝေအား မနှောင့်ယှက်လိုသဖြင့် ရှေ့ပေါက်သို့ ပြန်ထွက်သွားလေသည်

ရှန်ယူယန်မှာလည်း အဆောင်ပြန်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် ဖြစ်နေလေသည် သူမမှာ သူမအခြေအနေအတွက် ဆောက်တည်ရာမရဖြစ်နေလေသည် 'ချန်းမင်းအား ကြိုက်သည်ဟု ပြောခဲ့မိသည်မလား? ချောင်ကျန်းဝေမှာ သူအချစ်ဆုံးသူငယ်ချင်းကြီးအား ထိုအကြောင်းပြန်ပြောလိမ့်မယ် ဟုတ်မဟုတ် သူမသေချာမသိချေ'

သို့သော် ချန်းမင်းမှာ ထိုသို့မဟုတ်ချေ ရှန်ယူယန်ဆီမှ ထိုစကားကြား နားနဲ့ကြားခဲ့ရတာတောင် စိတ်လှုပ်ရှားခြင်း ရင်ခုန်ခြင်း မပြ ရှန်ယူယန်နဲ့တွေ့သည်အခါ ပုံမှန်အတိုင်း ဆွေးနွေးပြောဆိုကြသည် ချောင်ကျန်းဝေမှာလည်း ချန်းမင်းအား ထိုကိစ္စအားပြန်မပြောချေ ရှန်ယူယန်မှာ ချန်းမင်းဆီမှ မည့်သည်ထူးဆန်းသည့်အပြုအမူမျိုး မမြင်ရသဖြင့် စိတ်သက်သာရာအနည်းငယ်ရလေသည်

တပတ်ကြာသည့်အခါ စာမေးပွဲမှာနောက်တပတ်ဖြစ်သဖြင့် ကျောင်းသား/ကျောင်းသူ အ​တော်များ"မှာ အသည်းအသန်စာလုပ်နေကြသည် ရှန်ယူယန်မှာ စာကြေပြီဖြစ်သဖြင့် စာကြည့်တိုက်အပေါ်ဆုံးထပ် လသာပြင်ထိုင်ခုံ၌ ထိုင်ကာ နားကြပ်ဖြင့်သူမအကြိုက်ဆုံးသီချင်းနားထောင်ကာ notesတချို့ပြန်လှန်ကြည့်နေလေသည် ချန်းမင်းမှာ ပုံမှန်စာလုပ်နေကျမဟုတ်သဖြင့် သူမနဲ့လာမထိုင်နိုင် အဆောင်၌ အသည်းအသန်စာတွက်နေလေသည်

Denstiny To Love You (ဖူးစာပါရာ)Where stories live. Discover now