For Unicode-
ချောင်ကျန်းဝေရဲ့ လက်ထပ်ဖို့တောင်းခံမှုက ဘာမှမထူးခြား လူအများကြီးရှေ့မှာပဲ ဖွင့်ပြောခဲ့ခြင်း ဖြစ်တယ် ထူးခြားသည်က သူကလက်စွပ်မပါပဲ "ငါကို လက်ထပ်ပေးနိုင်မလား?" လို့မေးခြင်းပဲ ဖြစ်သည်။
'ငါကို လက်ထပ်ပေးနိုင်မလား? ဘယ်လိုအဓိပ္ပာယ်နဲ့ သူကပြောနေတာလဲ?'
(ပုံမှန်ဆို proposeလုပ်ကြပြီဆို ကိုယ်နဲ့လက်ထပ်ပေးနိုင်မလား? လက်ထပ်ကြရအောင် အ့လိုမေးကြတာပါ ချောင်ကျန်းဝေကျမှ ငါကိုလက်ထပ်ပေးနိုင်မလားလို့ မေးလို့)
MC- "လက်စွပ်ကော"
Mcကကြည့်ရင်း ပြောလိုက်ပါတယ် ပွဲကြည့်ပရိတ်သတ်တွေကလည်း ခုနကအခြေအနေကြောင့် ဆွံ့အနေကြပြီး အခုမှသတိဝင်လာကြတာ ဓာတ်ပုံရိုက် မှတ်တမ်းတင်တဲ့သူက တင်နေကြပါတယ်။
ရှန်ယူယန်က စိတ်ခံစားချက်တွေရောထွေးနေပါတယ် နောက်ဆုံးတော့ သူမချစ်တဲ့သူက ရှေ့မှာရောက်လာပြီး လက်ထပ်ဖို့ထိ ပြောနေပေမယ့် စိတ်ထဲမှာ ပျော်ရွှင်တာကော ငိုချင်တာကော လွန်ဆွဲနေပါတယ်။
ချောင်ကျန်းဝေက mcကိုပြုံးပြလိုက်ရင်း "လက်စွပ်မရှိဖူး ကျွန်တော်က အချစ်နဲ့လက်ထပ်ချင်တာ လက်စွပ်နဲ့လက်ထပ်ချင်တာမဟုတ်လို့ပါ"
ရှန်ယူယန်က ပြုံးလိုက်ရင်း သူမမိုက်ကို ပြန်လုလိုက်ကာ "လက်ထပ်ပေးမယ် "
ပရိတ်သတ်တွေ-ಠ_ಠ
ရှန်ယူယန်က နောက်ထပ်ဆက်ပြောပါတယ်
"အ့အစား ငါဘေးနားမှာ တသက်လုံးနေပေး ကတိ""ကတိ" ချောင်ကျန်းဝေက ကတိပုံစံလုပ်ပြလေသည်။
ပရိတ်သတ်များ- "ငါတော့ တရားပေါက်သွားပြီ ဘယ်လိုလုပ် ငါတို့စာရေးဆရာမမှာ ခပ်ချော"ကောင်လေးရှိနေရတာလဲ အ့တာကလည်း ချောတာမှ မင်းသားလုပ်လို့ရအောင်ထိကို ချောတာ"
"ရှန်ယူယန် မဖြစ်ဖူး လက်မထပ်ပါနဲ့ အမလေး ကုန်ပါပြီ"
Weiboမှာလည်း live vdကပြန့်နေလေပြီ "အ့တာ density to love you စာရေးဆရာမမလား?"
"Proposeလုပ်ခံရတာတဲ့ သူfansignမှာ"
"ဟယ်ကောင်လေးက ချောလိုက်တာ"
![](https://img.wattpad.com/cover/267750826-288-k562029.jpg)
ESTÁS LEYENDO
Denstiny To Love You (ဖူးစာပါရာ)
Romanceချောင်ကျန်းဝေဆိုတဲ့ ကောင်လေးတယောက်ကို တဖက်သတ်အနေနဲ့ 5နှစ်လောက်ကြိုက်လာတဲ့ ကောင်မလေးတယောက် ယာဥ်မတော်တဆဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး နောက်တကြိမ် သူမတိတ်တခိုးချစ်ရသူကို ပြန်တွေ့ချိန်မှာတော့ သူမရဲ့ခံစားချက်တွေက အရင်တိုင်းပဲလား? ပြောင်းလဲသွား...