"ငါ ရှန်ယူယန်ကို ကြိုက်နေပြီလား?"

2K 149 0
                                    

For Unicode-

ချောင်ကျန်းဝေမှာ ချန်းမင်းအပြုအမူတချို့ကြောင့် အံ့သြရလေသည် 'သူက ရှန်ယူယန်ကိုကြိုက်နေတာလား?'

"ကျန်းဝေ မင်းမမြင်ဖူးလား သူလက်ကောက်ဝတ်
နီနေတာကို "

ချန်းမင်းပြောတာ မှန်သည် သူက "ဖတ် ဖတ်"နဲ့ အတင်း
ဆွဲထားသဖြင့် သူမလက်ကောက်ဝတ်မှာ နီနေလေပြီ ချန်းမင်းက ရှန်ယူယန်ကို "အဆင်ပြေလား"လို့ တိုးတိုးလေးမေးနေလေသည် ရှန်ယူယန်က ခေါင်းတချက်ငြိမ့်ပြလိုက်သည် ချန်းမင်းက ရှန်ယူယန်ကို အသာသွားတော့ ဆိုတဲ့ အမူအရာဖြင့် မေးငေါ့ပြလေသည် ရှန်ယူယန်ကလည်း နားလည်သွားသဖြင့် ချောင်ကျန်းဝေကို မျက်စောင်းတချက်ထိုးကာ ထွက်သွားလေသည်။

"မင်း ရှန်ယူယန်ကို ကြိုက်နေတာလား?" ချောင်ကျန်းဝေက အေးဆေးစွာမေးလေသည်။

"မင်းကြိုက်နေတာမလား?" ချန်းမင်းက တုန့်ဆိုင်းချင်းမရှိ ဖြေလေသည်။

"ငါမကြိုက်ဖူး" ချောင်ကျန်းဝေက အခြားနေရာကိုမျက်နှာလွဲရင်း ဖြေလေသည်။

"လိမ်နေတာ မင်းမျက်လုံးထဲမှာ ခုနက မီးတွေတောက်နေတာ ငါမြင်လိုက်သားပဲ သေချာမင်းနှလုံးသားမေးကြည့်ပါဦး ငါမင်းအထုတ်တွေသယ်သွားနှင့်မယ်"ချန်းမင်းက သူluggageကို ဆွဲရင်း အရင်ထွက်သွားလေတော့သည်။

'ငါ ရှန်ယူယန်ကို ကြိုက်နေတာလား?' ချောင်ကျန်းဝေက သူကိုသူမေးခွန်းထုတ်ရင်း ကျန်ခဲ့လေသည်။

ရှန်ယူယန်မှာ rehearsal ပြန်ရောက်သွားသောအခါ "ယူယန် ခုနက ကျန်းဝေမလား?" ဝေ့ရင်းစီနီယာက သူမကို မကြည့်ပဲမေးလေသည်။

"ဟုတ်ကဲ့ စီနီယာ"

"သူနဲ့ရင်းနှီးတာလား?" ဝေ့ရှင်းက အခုမှ ရှန်ယူယန်ကိုကြည့်လိုက်ရင်း မေးလေသည်။

"မဟုတ်ဖူး သူကစကားပြောချင်လို့ဆိုလို့ အတန်း အတန်းကိစ္စပါ" ရှန်ယူယန်က မသိချင်ယောင်ဆောင်ကာ လိမ်ရင်းဖြေလေသည်။

"ဟုတ်ပြီ "ဝေ့ရှင်းမှာလည်း ထပ်မမေးပေ 'ကျန်းဝေက မာနကြီးလွန်းတယ် ရှန်ယူယန်ကို နှောင့်ယှက်နေလျင် သူမအတွက် ထိခိုက်ဖို့ပဲများလေမည်ဆိုတာ သူပိုသိလေတယ်'

Denstiny To Love You (ဖူးစာပါရာ)Where stories live. Discover now