For Unicode-
'ချောင်ကျန်းဝေ ကြည့်ရတာ ဘာလို့ အရင်ကထက် တည်ငြိမ်နေရတာလဲ သူတကယ် အလေးအနက်ပြောနေတာလား ' ရှန်ယူယန်ခေါင်းထဲ၌ အတွေးမျိုးစုံပေါ်လာလေသည် 'မဖြစ်ဖူး'ဆိုတဲ့ အတွေးက အရင်ရောက်လာခြင်းဖြစ်တယ်။
"ရှန်ယူယန် ငါနဲ့တွဲပေးနိုင်မလား?" ချောင်ကျန်းဝေက သူမကိုကြည့်လိုက်ရင်း ပြောလိုက်လေသည်။
ရှန်ယူယန်က ခေါင်းခါလိုက်ရင်း"မလုပ်ချင်ပါဖူး" ဆိုကာ တံခါးပေါက်ဖွင့်ကာ ထွက်သွားလေသည်။
ချောင်ကျန်းဝေက ကျန်ခဲ့ရင်း တချက်ပြုံးလိုက်ရင်း "ရှန်ယူယန်ပီသတာပဲ"
သို့သော် နောက်ပိုင်း၌ ရှန်ယူယန်မှာ သူမသွားသည့်နေရာတိုင်း၌ ချောင်ကျန်းဝေကို မြင်နေရတော့လေသည် 'မဟုတ်သေးပါဖူး သူကဘာလို့'
ချောင်ကျန်းဝေမှာလည်း ရှန်ယူယန်နောက်ကိုလိုက်သော အလုပ်ကိုလုပ်သော်လည်း တဖက်၌ ကျောင်းကိစ္စပေါ်လာရင် ကျောင်းသားရေးရာကို ပြန်ပြေးရပြန်သည်။
တဖက်၌ ချန်းလီမှာလည်း အဆင်ပြေအောင်အလုပ်မလုပ်နိုင် သူမက ချောင်ကျန်းဝေဖတ်ခိုင်းသော notes စာအုပ်တချို့ ဖတ်သော်လည်း မတိုးတက်လာ 'ရှန်ယူယန်ကို လိုအပ်တယ်'
ရှန်ယူယန်အဆောင်ပြန်ရောက်ချိန် "ယူယန် လာထိုင်ဦး စကားပြောကြရအောင်" ချွန်းဟွာက သူမအားထိုင်ရန် အချက်ပြလိုက်လေသည်။
ရှန်ယူယန်က ဝင်ထိုင်လိုက်ရင်း သူမလွယ်အိတ်ကိုချလိုက်ကာ "ဘာလဲ ဘာလဲ"
"ဗုဒ္ဓဟူးနေ့ နင်ကြိုက်တဲ့စာရေးဆရာပွဲရှိတယ်ဆိုတာ သိတယ်မလား?" ချွန်းဟွာက စကားစလိုက်လေသည်။
"လီကျီစာရေးဆရာ ဟောပြောပွဲမလား စာအုပ်အသစ် အကြောင်း "ရှန်ယူယန်က အားတက်သရောပြောလေသည်။
"အ့တာဆို mcက ချောင်ကျန်းဝေဆိုတာ သိတယ်မလား?"
ရှန်ယူယန်က တချက်စဥ်းစားလိုက်ရင်း "အင်း အ့တာဘာလို့လဲ?"
"သူတို့က အခု လူလိုနေတာ "ချွန်းဟွာက ရှန်ယူယန်ကိုကပ်လိုက်ရင်း ပြောလေသည်။

ESTÁS LEYENDO
Denstiny To Love You (ဖူးစာပါရာ)
Romanceချောင်ကျန်းဝေဆိုတဲ့ ကောင်လေးတယောက်ကို တဖက်သတ်အနေနဲ့ 5နှစ်လောက်ကြိုက်လာတဲ့ ကောင်မလေးတယောက် ယာဥ်မတော်တဆဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး နောက်တကြိမ် သူမတိတ်တခိုးချစ်ရသူကို ပြန်တွေ့ချိန်မှာတော့ သူမရဲ့ခံစားချက်တွေက အရင်တိုင်းပဲလား? ပြောင်းလဲသွား...