For Unicode-
ရှန်ယူယန်မှာ သူမလက်အား ဆွဲထားသည့် ချန်းမင်းအား ကြည့်လိုက်ရင်း သူ့လက်ကိုဖယ်လိုက်ကာ "မဖြစ်ဖူး ငါမသွားရင် နင်ဆီလာလိမ့်မယ်" ဟုဆိုကာ ထွက်သွားလေသည်။
ချောင်ကျန်းဝေမှာ စိတ်မငြိမ်တော့ချေ ရှန်ယူယန်လာသည်ကို မြင်တာနဲ့ ချက်ချင်း သူမအားလက်ဆွဲသွားပြီး လူမရှိသည့်လမ်းကြားထဲအား ခေါ်သွားလေသည်။
ရှန်ယူယန်မှာ ဘာမှပြန်မပြောချေ တလုံးမှမပြောပဲ ချောင်ကျန်းဝေအား ကြည့်နေလေသည်။
"မင်း အ့လိုပုံစံနဲ့ ကစားမှာလား?"ချောင်ကျန်းဝေမှာ ရှန်ယူယန်လက်တဖက်အား ကိုင်ထားသည်ကို မလွတ်သေးပဲ ပြောနေလေသည်။
"ငါဘယ်မှာကစားနေလို့လဲ?" ရှန်ယူယန်မှာ ခပ်မြန်"ပင်ဖြေလိုက်လေသည် 'သူမဒီအခြေအနေမှ မြန်"လွတ်မြောက်ချင်နေလေပြီ'။
"ဟုတ်သား ငါမေ့သွားတယ် မင်းက တကယ်ဟန်ဆောင်ကောင်းတာကို" ချောင်ကျန်းဝေမှာ ရွဲ့ပြုံးရင်း ပြောလေသည်။
"ချောင်ကျန်းဝေ ငါသိက္ခာကိုလာမစော်ကားနဲ့" ရှန်ယူယန်မှာ ချောင်ကျန်းဝေလက်အား ဖယ်ထုတ်လိုက်ရင်း ပြောလေသည်။
"အ့တာဆို ငါကဘယ်လို မင်းကိုနားလည်ရမှာလဲ အခုထိမင်းနှလုံးသားကို တကယ်မသိဖူး " ချောင်ကျန်းဝေမှာ လေးနက်စွာဖြင့် ပြောလေသည်။
"နားမလည်နဲ့ ဘယ်သူကနင်ကို နားလည်လို့ ပြောနေလို့လဲ?" ရှန်ယူယန်မှာ စိတ်ပျက်စွာဖြင့် ပြန်ပြောလေသည်။
"ငါလည်း စိတ်မဝင်စားချင်ဖူး မင်းကိုဂရုမစိုက်ချင်ဖူး ဒါပေမယ့် ငါ့စိတ်က နင်ကိုခဏ" ဂရုစိုက်နေမိတယ် " ချောင်ကျန်းဝေမှ စိတ်တိုစွာဖြင့် ရှန်ယူယန်အား ပြန်ဖြေလေသည်။
ရှန်ယူယန်မှာ ချောင်ကျန်းဝေစကားကြောင့် ဘာမှပြန်မပြောနိုင်ဖြစ်နေလေသည် 'ငါကို ဂရုစိုက်နေမိတယ် သူဘာကိုဆိုလိုချင်တာလဲ?'
"မင်းစိတ်ထဲမှာ ငါက မကောင်းတဲ့လူလို့ တွေးနေတာသိတယ် အ့တာကြောင့် ငါမင်းကိုဂရုမစိုက်မိအောင် မျက်လုံးမမြင်အောင် လုပ်ခဲ့တယ် မင်းဘာသာထွက်ပြေးနိုင်အောင် ထားခဲ့တယ် ဒါပေမယ့် အခုထိပဲ မင်းကို ငါမျက်စိထဲ မြင်နေတယ် " ချောင်ကျန်းဝေက စိတ်လွတ်ကိုယ်လွတ်ပြောနေလေသည်။
![](https://img.wattpad.com/cover/267750826-288-k562029.jpg)
ŞİMDİ OKUDUĞUN
Denstiny To Love You (ဖူးစာပါရာ)
Romantizmချောင်ကျန်းဝေဆိုတဲ့ ကောင်လေးတယောက်ကို တဖက်သတ်အနေနဲ့ 5နှစ်လောက်ကြိုက်လာတဲ့ ကောင်မလေးတယောက် ယာဥ်မတော်တဆဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး နောက်တကြိမ် သူမတိတ်တခိုးချစ်ရသူကို ပြန်တွေ့ချိန်မှာတော့ သူမရဲ့ခံစားချက်တွေက အရင်တိုင်းပဲလား? ပြောင်းလဲသွား...