"ငါနင်ကိုမုန်းတယ်"

2.3K 169 0
                                    

For Unicode-

ချောင်ကျန်းဝေမှာ ထွက်လာခဲ့ပြီးမှ ချန်းမင်းစကား 'ရှန်ယူယန်ကို ကြည့်ပေးပါဦး' ဆိုသော ကတိမတည်နိုင်သဖြင့် အားနာမိလေသည် သို့သော် သူသည် ရှန်ယူယန်ဆီ ပြန်သွားလိမ့်မည်မဟုတ် သို့သော် သူသည် နီးရာအဝတ်ဆိုင်မှ သူမအတွက်သင့်တော်မည့်အဝတ်အစားအချို့ဝယ်ပေးကာ သူမအတွက် ဟိုတယ်ဝန်ထမ်းအားပေးရန် ထားခဲ့လေသည် (သူ၏ဖုန်းလည်း ရှန်ယူယန်သုံးရန် ထားခဲ့လေသည်)

ရှန်ယူယန်မှာ ရေကူးကန်ထဲမှ မနည်းကုန်းရုန်းထွက်ခဲ့ရလေသည် သူမပုံစံမှာလည်း ကြွက်စုတ်ဖြစ်လေပြီ 'ဒီဟိုတယ်က ဘယ်လိုထွက်ရမှာလဲ? ငါဂါဝန်မှာလည်း အပြဲကြီးနဲ့ ရေတွေလည်းစိုလို့အိနေပြီ ဖုန်းကလည်းကောက်လို့မမှီဖူး ဘယ်သူကိုမှလည်းခေါ်မရတော့ဖူး' ရှန်ယူယန်မှာ ထိုင်ငိုပစ်လိုက်ချင်သည် 'အ့တာအားလုံး ချောင်ကျန်းဝေကြောင့်ပဲ'

ထိုအချိန်၌ အမျိုးသမီးဝန်ထမ်းတဦးဝင်လာကာ "ဧည့်သည်ရှင့် အမျိုးသားတယောက်က ဧည့်သည်အတွက် ဒီပစ္စည်းထုပ်နဲ့ ဖုန်းပေးသွားလို့ပါရှင်"

"ဘယ်သူကလဲမသိဖူးရှင်" ရှန်ယူယန်မှာ သူမဂါဝန်အပြဲအား လက်နှစ်ဖက်ဖြင့်ကာရင်း ပြန်မေးလိုက်လေသည်

"နာမည်မပြောသွားပါဖူးရှင်" ထိုဝန်ထမ်းကို သူမပုံစံအား အကြာကြီးလည်း မကြည့်ခိုင်းစေချင်လို အားလည်နာသဖြင့် ရှန်ယူယန်မှာ အထုပ်နဲ့ဖုန်းအား ယူလိုက်ရင်း "ကျေးဇူးတင်ပါတယ် "

"ဟုတ်ကဲ့ ပြီးတော့ သူမ ဧည့်သည်အတွက် အကျီလဲဖို့ဆိုပြီး အခန်းတခန်းငှါားပေးသွားပါတယ်ရှင်"

"ရှင် အခန်း!!" ရှန်ယူယန်မှာ လန့်သွားလေတော့သည်

"ဟုတ်ကဲ့ လိုက်ပြပေးပါမယ် " ဆိုကာ ထိုဝန်ထမ်းက လမ်းပြပေးလေသည်

ရှန်ယူယန် pov:ဘယ်သူက ငါကိုငှါားပေးသွားတာလဲ ဘယ်သူကလဲ ဘယ်သူကလဲ

ထိုသူငှါားပေးလိုက်သောအခန်းမှာ ရေကူးကန်၏ အောက်တထပ် ပထမဆုံးမြင်ရသော အခန်းပင်ဖြစ်သည် 'သူဠေးသား' ရှန်ယူယန်မှာ ချက်ချင်းတွေးမိသွားလေသည်

Denstiny To Love You (ဖူးစာပါရာ)Nơi câu chuyện tồn tại. Hãy khám phá bây giờ