"Hurting Breaking Scene"

1.7K 106 8
                                    

For Unicode-(To listen with Sam Smith- Too Good At Goodbyes )

"ယူယန် ယူယန် ယူယန်" ချန်းမင်းက သူမပခုံးအား လှုပ်နေလေသည် 'သူဘာဖြစ်သွားတာလဲ? သတိမရလာတော့ဖူးလား?'

ရှန်ယူယန် အားယူကာ မျက်လုံးဖွင့်လိုက်လေသည် မျက်လုံးဖွင့်"ချင်း ဆေးရုံအနံ့အသက်အား ရလိုက်လေသည် အားယူပြီးထလိုက်လေသည်။

ချန်းမင်းမှ ခေါင်းအုံးအား သူမနောက်ကျောအား ခံပေးလိုက်လေသည် "တောင်းပန်ပါတယ် ငါကြောင့်နဲ့"

"မဟုတ်တာ ကျေးဇူးပဲ နင်ကြောင့်နဲ့ အကုန်မှတ်မိသွားပြီ" ရှန်ယူယန်က ပြုံးပြလိုက်လေသည်။

"တကယ် အားလုံး မှတ်မိသွားပြီလား?" ချန်းမင်းက မယုံမကြည်မေးလေသည်။

"ဒါပေါ့ ငါကစနောက်တယ်ထင်လို့လား ဒါနဲ့ သူကော?"
ရှန်ယူယန်က ချောင်ကျန်းဝေကို သတိရသွားသဖြင့် မေးလိုက်လေသည်။

"ဖုန်းတော့ဆက်ထားတယ် လာမယ်လို့ ပြောတာပဲ" ချန်းမင်းက ပြောကာ မျက်နှာသုန်မှုန်သွားလေသည်။

'သူတို့ ရန်ဖြစ်ထားတာလား?'

ချက်ချင်းပင် သူတို့အခန်းဆွဲဖွင့်သံ ကြားလိုက်ရလေသည် ချောင်ကျန်းဝေပင်ဖြစ်သည် မျက်နှာမှာ ပေါင်ချိန်လို မဲချိတ်နေလေသည် လက်သီးကိုလည်း ကျစ်"ဆုတ်ထားလေသည်။

A/N-ပေါင်ချိန်ဆိုတာ တရုတ်ကားထဲက တရားစီရင်ရတဲ့အာဏာရှိသူဖြစ်သည် ဇာတ်ကားကြည့်ဖူးရင် သိကြမှာပါ

ရှန်ယူယန်က ချက်ချင်း ဆေးပိုက်အား ဖြုတ်လိုက်ကာ ပြေးသွားရင်း "ကိုကို ငါကို့ကို" ဆိုကာ ချောင်ကျန်းဝေကို ပြေးဖက်လေသည်။

ချောင်ကျန်းဝေက နည်း"အံ့သြသွားလေသည် "မှတ်မိသွားပြီလား?" ဆိုကာ ရှန်ယူယန် ခေါင်းကိုအသာ ပုတ်နေလေသည်။

"မကောင်းတဲ့လူ ပြောခဲ့မှာပေါ့" ရှန်ယူယန်က ဝမ်းသာလွန်းလို့ ငိုမိတော့မယ်။

"ကိုကို တောင်းပန်ပါတယ် ယူယန် မပြောခဲ့လို့ " ချောင်ကျန်းဝေက လေသံမှာချက်ချင်း ပြောင်းသွားလေသည်။ ချန်းမင်းကလည်း ချောင်ကျန်းဝေရဲ့ ပထမဆုံးအခုလို နူးနူးညံ့ညံ့ ပြောဆိုခြင်းကို မြင်ရခြင်းဖြစ်သဖြင့် ကြောင်နေလေသည်။

Denstiny To Love You (ဖူးစာပါရာ)Onde histórias criam vida. Descubra agora