For Unicode-
ရှန်ယူယန် အကျဥ်းချုပ်- သူမမိသားစုဟာ နာမည်ကြီးတဲ့မိသားစုမဟုတ်ပေမယ့် သူမမိဘနှစ်ပါးဟာ ကောင်း"မွန်"ထားနိုင်တဲ့ မိဘတွေဖြစ်ကြတယ် သူမအဒေါ်ဟာဖြင့် နာမည်ကြီးမိသားစုက အမျိုးသားတဦးနဲ့ လက်ထပ်ထားခဲ့ပြီး သူမတို့နှစ်ယောက်ကြားမှာတော့ ချစ်ခြင်းတရားမရှိခဲ့ပေ သူမသိရသလောက် ရှန်ဘိုးဘိုးက သူမအဒေါ်ကို သူမချစ်သူနဲ့အတင်းခွဲခဲ့ပြီး နာမည်ကြီးမိသားစုမှ သားတယောက်နှင့် ကောက်ပေးစားလိုက်ခြင်းဖြစ်သည်ကို တဆင့်ကြားခဲ့ရသည် သူမအဒေါ်မှာ သူမအပေါ် ချစ်ရှာပေသည် မတော်တဆ၌ လူတယောက်သေအောင် လုပ်ခဲ့သည်ဆိုတာဖြင့် သူမယခုထိမယုံနိုင်သေး သူမတိုက်ခဲ့တဲ့ကားထဲမှာ သားအဖနှစ်ယောက် အမျိုးသား(၅၀နှစ်အရွယ်) ကောင်မလေး(၁၈နှစ်အရွယ်) စီးလာခဲ့ပြီး အဒေါ်က ရည်ရွယ်ချက်ရှိ"တိုက်ခဲ့သည်မှာ သူမသေချာသိလေသည် ၁၈နှစ်အရွယ် ထိုမိန်းမငယ်လေးမှာ ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့ကာ အဒေါ်မှာ ထောင်ကျခဲ့ပြီး နစ်နာသူမိသားစုကို မတောင်းပန်ချေ နောင်တရလည်းရပုံမပေါ် ရှန်မိသားစုဝင်များ လာတွေ့လျင်လည်း ငြင်းဆိုလေ့ရှိသည် နစ်နာသူမိသားစုမှာ သူတို့ရဲ့အမည်များကိုပင် အမည်မဖော်လိုသူအဖြစ်ထားကာ တိုင်တန်းခဲ့ခြင်းဖြစ်ပြီး တရားခွင်တွင်ပင် ရှေ့နေကိုစေလွှတ်လေ့ရှိသည် မသက်စရာများစွာရှိလေသည်။
ရှန်ယူယန်မှာ စာကြည့်တိုက်ပြီးနောက် မုန့်စားရန် cafeဆိုင်တခုရှေ့မှ ဖြတ်ကာ လမ်းလျောက်လာခဲ့လေသည်
"မကြိုက်ဖူး ဒါပေမယ့် ငါသူ့ကိုတွဲမှာ" ချောင်းကျန်းဝေက သူလွယ်အိတ်ကိုလွယ်လိုက်ကာ ထလိုက်ရင်းပြောလေသည်
ချန်းလီမှာ ကျန်းဝေစကားကြောင့် လန့်သွားရင်း မျက်ရည်များပင် တိတ်သွားကာ ချောင်းကျန်းဝေကို ကြည့်ရင်း "မဟုတ်ဖူး နင်မကြိုက်ဖူးလေ ...." ခဏရပ်သွားကာ "ဘာလို့လဲ?"
ချောင်ကျန်းဝေက ပိုက်ဆံတချို့ခုံပေါ်တင်ခဲ့ကာ "သွားတော့မယ် ဒါcoffeeဖိုး" ထွက်သွားလေတော့သည်
စတိုးဆိုင်၌ ရှန်ယူယန်က အအေးဗူးအတန်း၌ အအေးတချို့ကို လိုက်လံကြည့်ရူကာ တနေရာ၌ ရပ်သွားလေတော့သည် "ညနေခင်းtea" 'ငါရင်းနှီးနေသလိုပဲ '
![](https://img.wattpad.com/cover/267750826-288-k562029.jpg)
KAMU SEDANG MEMBACA
Denstiny To Love You (ဖူးစာပါရာ)
Romansaချောင်ကျန်းဝေဆိုတဲ့ ကောင်လေးတယောက်ကို တဖက်သတ်အနေနဲ့ 5နှစ်လောက်ကြိုက်လာတဲ့ ကောင်မလေးတယောက် ယာဥ်မတော်တဆဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး နောက်တကြိမ် သူမတိတ်တခိုးချစ်ရသူကို ပြန်တွေ့ချိန်မှာတော့ သူမရဲ့ခံစားချက်တွေက အရင်တိုင်းပဲလား? ပြောင်းလဲသွား...