For Unicode-
'ကျွန်မ သူသွားနေကျနေရာလေးတွေမှာ သူကိုသွားရှာမိနေတာ အကျင့်ဖြစ်နေပါပြီ ထပ်ခါထပ်ခါ သွားနေဦးမှာပါ သူတကယ် ထွက်သွားတာကို ကျွန်မလက်ခံနိုင်ခံနိုင်တဲ့အထိ ထွက်ခွာသွားတဲ့သူက နှုတ်ဆက်စကားမပြောသွားတာကို နောင်တရပူဆွေးမိတုန်းပဲ'
ချောင်ကျန်းဝေ ထွက်သွားပြီးနောက်မှာတော့ ရှန်ယူယန်ဟာ ကျွန်တော်ကို ကျွန်တော်မိဘတွေနဲ့ တွေ့ခဲ့ဖို့ တိုက်တွန်းခဲ့ပါတယ်။ သူရဲ့တိုက်တွန်းမှုနဲ့ ချောင်းဟွေ့စုံနဲ့ ရှန်ကျီရင်ကို တွေ့ခဲ့ပြီး သူတို့က ကျွန်တော် ထင်ထားသလောက် မဆိုးတာကို တွေ့ခဲ့ရတယ် နွေးထွေးမှုကို ခံစားမိပါတယ် ။
'အခုချိန် ချောင်ကျန်းဝေကော ဘယ်များရောက်နေမှာလဲ?'
ဘွဲ့ရတဲ့ထိ ချောင်ကျန်းဝေသတင်းအစအနတောင် မကြားခဲ့ရပါဖူး။ သူဘယ်ရောက်နေတယ် ဘာတွေလုပ်နေတယ်ဆိုတာတောင်ပေါ့ သို့ပေမယ့် ရှန်ယူယန်က နေ့တိုင်း သူဆီ messageတွေပို့နေတုန်းပဲ 'ဒီနေ့ ဘာလုပ်ခဲ့တယ် နင်ကော?' အ့လိုမျိုး သူပြန်စာမရတဲ့တာတောင် ဆက်ပို့နေတုန်းပါပဲ ဒါပေမယ့် ဘွဲ့ရသွားတဲ့အခါမှာတော့ သူမကရပ်လိုက်တယ်။
"ဘာလို့ မပို့တော့တာလဲ?"
"အခု ရပ်သင့်ပြီထင်လို့"
ဘွဲ့ရသွားတဲ့အခါမှာတော့ ရှန်ယူယန်ကစာစရေးခဲ့ပြီး ချန်းမင်းကတော့ အစိုးရဝန်ထမ်းတယောက် ဖြစ်လာခဲ့တယ်(ရုပ်ချောတဲ့ အစိုးဝန်ထမ်းလေး(;'༎ຶٹ༎ຶ')
ရှန်ယူယန်က နောက်ဆုံးမှာတော့ ချန်းမင်းကို "ကိုကို "လို့ ခေါ်ခဲ့ပါတယ် သူမရဲ့အကိုအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်တယ်။
ရှန်ယူယန်ရဲ့ "Density to love you" စာအုပ်က အောင်မြင်ခဲ့ပါတယ်။ သူမဘွဲ့ရပြီး ၂နှစ်အကြာမှာ ပထမဆုံးရေးခဲ့တဲ့ စာအုပ်ဖြစ်ပြီး စာအုပ်တိုက်ကလည်း သဘောကျခဲ့တာကြောင့် တခါတည်းထုတ်ဝေလိုက်ခြင်းဖြစ်ပါတယ်။ ပထမအကြိမ်ထုတ်ဝေမှုမှာတောင် ဝယ်လို့မရတော့လောက်အောင် ရောင်းကုန်သွားခဲ့ပါတယ်။
စာအုပ်တိုက်က နောက်ဆုံးတော့ ဒုတိယအကြိမ်ထုတ်ဝေမှုနဲ့အတူ ရှန်ယူယန်fansignဆိုပြီး Suprise eventထုတ်ပြန်ခဲ့ပါတယ်။

VOCÊ ESTÁ LENDO
Denstiny To Love You (ဖူးစာပါရာ)
Romanceချောင်ကျန်းဝေဆိုတဲ့ ကောင်လေးတယောက်ကို တဖက်သတ်အနေနဲ့ 5နှစ်လောက်ကြိုက်လာတဲ့ ကောင်မလေးတယောက် ယာဥ်မတော်တဆဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး နောက်တကြိမ် သူမတိတ်တခိုးချစ်ရသူကို ပြန်တွေ့ချိန်မှာတော့ သူမရဲ့ခံစားချက်တွေက အရင်တိုင်းပဲလား? ပြောင်းလဲသွား...