ဟောပြောပွဲ-၂

1.5K 113 16
                                    

For Unicode-

ရှန်ယူယန်က ချန်းလီအား ကြည့်လိုက်ရင်း "အဆင်ပြေလား ထနိုင်ရဲ့လား "ထူရန်လုပ်သော်လည်း မထနိုင်ချေ လုံးဝအဆင်မပြေမှန်း သိသာနေသည်။

"သူကိုဆေးရုံ"ရှန်ယူယန်ပြောနေတုန်းမှာပဲ

"ငါအစား နင်ကလုပ်ပေးပါ" နောက်ကထိုင်နေသည့် ချန်းလီကပြောလိုက်ခြင်း ဖြစ်သည်။

ရှန်ယူယန်မှ လှည့်ကြည့်လိုက်သောအခါ "အချိန်မရတော့ဖူး မြန်" အဝတ်စားလဲပြီး ပြောရမှာတွေမှတ်မိတယ်မလား ဒီတခါတော့အကူအညီတောင်းမယ်" ဆိုကာ ချန်းလီကပြောလေသည်။

ရှန်ယူယန်က ဘာမှပြန်မပြောလိုက်ရရင် ချန်းလီမှ ဝတ်ရမည့်အဝတ်အစား ပစ်ပေးလေသည် ချောင်ကျန်းဝေကလည်း "ယူယန် မြန်" ဆိုသဖြင့် သူမလည်းအဝတ်လဲခန်းသို့ပြေးလိုက်ရလေသည်။

မိတ်ကပ်အား ချန်းလီမှ လိမ်းပေးလေသည် "သူမရဲ့ မျက်နှာပြောင်ကို မုန်းလို့"ဆိုသဖြင့်

"ကောင်း"လုပ်ခဲ့ ငါစိတ်မပျက်ရအောင်" ချန်းလီမှပြောလေသည်။

"ဟုတ်ပြီ သွားတော့မယ် "ဆိုကာ ရှန်ယူယန်ထွက်လာလေသည်။

အပြင်ဖက်၌ စောင့်နေသည့် ကျန်းချန်းနှင့် ကျန်းဝေတို့က ရှန်ယူယန်ထွက်လာသည်ကို မြင်သောအခါ "လှတယ် မြန်"သွားရအောင် စာရေးဆရာကိုပြောထားတယ်"

ချွန်းဟွာနှင့် ချန်းမင်းမှာ ရှန်ယူယန်ပြန်မလာသဖြင့် စိတ်ပူနေကြသည် ထိုအချိန်မှာပင်

"မဂ်လာပါ ကျွန်တော်က ချောင်ကျန်းဝေပါ "

"မဂ်လာပါ ကျွန်မက ဥပဒေဒုတိယနှစ်က ရှန်ယူယန်ပါ " ဆိုကာ နှစ်ယောက် stageပေါ်တက်လာကြလေသည်။

ချွန်းဟွာမှ "ရှန်ယူယန် ဝါး မိုက်တယ်"

ချန်းမင်း "လှတယ်"

"ဟုတ်ကဲ့ ယူယန် ကျွန်တော်တို့ ဒီနေ့ဖိတ်ကြားထားတဲ့ ဧည့်သည်အကြောင်း ပြောပြပေးပါဦး"

ရှန်ယူယန်က ပြုံးလိုက်ရင်း "ဟုတ်ကဲ့ ကျွန်မတို့ ဒီနေ့ဖိတ်ကြားတဲ့ လူကတော့ အခုhitဖြစ်နေတဲ့ "Grey Clouds"ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာလီကျီဖြစ်ပါတယ်"

Denstiny To Love You (ဖူးစာပါရာ)Where stories live. Discover now