For Unicode -
ကျန်းဝေဟာ သူမလက်ကိုအတင်းဆွဲပြီး ပြေးထွက်လာသဖြင့် ယူယန်ဟာ မလိုက်နိုင်ပဲ အတင်းလိုက်လာခဲ့သဖြင့် မောနေသည် ပါတီအပြင်ရောက်တဲ့အခါမှ ကျန်းဝေဟာ သူမလက်ကို လွှတ်လိုက်သည်။
ယူယန်ဟာ ဘာမှမပြောပဲ သူကို မျက်စောင်းထိုးကြည့်နေသည်ကို ကျန်းဝေမြင်လိုက်ရသည်
"ခုနကကိစ္စအတွက် တောင်းပန်ပါတယ် မရည်ရွယ်ပါဖူး
တောင်းပန်ပါတယ် အချစ်ဦးဆိုတာလည်း တကယ်မဟုတ်ပါဖူး ခုနက ဒီတိုင်းပြောထွက်သွားတာ "၅စက္ကန့်လောက်ကြာအောင် ယူယန်စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ကျန်းဝေစိတ်ထဲ၌ "ဘယ်လိုမိန်းကလေးလဲ ကြည့်ပဲကြည့်နေတယ်"
"ငါနာမည်ကို ဘယ်လိုသိတာလဲ?" သူမဆီမှ ပထမဆုံးထွက်လာသော စကားသံ တုံးတိပဲခင်ဗျာ မေးခွန်းမေးပြီး ကျွန်တော်ကိုလက်ပိုက်ကြည့်နေပြန်သည်
"ငါတို့ကတမေဂျာတည်း တနှစ်တည်း rollကလည်းအမြဲကပ်ရပ်လေ မင်းမသိဖူးလား?" ကျန်းဝေက အေးဆေးပဲ ပြန်ဖြေလိုက်သည်
"ငါနင်ကိုမသိဖူး ဒါပေမယ့် တခုတော့ပြောချင်တယ် နင်ကောင်မလေးကိုပြောလိုက် ငါနဲ့ဇယားလာမရှုပ်နဲ့လို့ ပြီးတော့ အခြားမိန်းကလေးတွေကိုတော့ အလွယ်နမ်းလို့ရရင်ရမယ် ငါကိုနောက်တခါထပ်မရစေရဖူး "
ယူယန်တယောက် အပြတ်ပြောပြီး ရင်ဘတ်ကိုဖိကာ ထွက်လာခဲ့သည် "ငါခန္ဓာကိုယ်ကလည်း ငါစိတ်ကြိုက်ကိုမဖြစ်ဖူး ဒီလူကိူဘာတွေများကြွေနေတာပါလိမ့်"
ကျန်ခဲ့တဲ့ ကျန်းဝေက ထွက်သွားသည့် ယူယန်နောက်ကျောကို ကြည့်ရင်း "ငါကိုမသိဖူး ဘယ်လိုကောင်မလေးလဲ?" အခြားမေဂျာများမှ ကောင်မလေးများ လာကြည့်ခြင်းကိုခံရသော နာမည်ကြီးကျန်းဝေမှာ တခန်းတည်းတမေဂျာတည်းဖြစ်သည့် သူမ၏ "ငါနင်ကိုမသိဖူး"စကားကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရသည်
သူဟာ ချက်ချင်းပင် ဖုန်းကိုထုတ်လိုက်ပြီး ချန်းမင်းကို ဖုန်းခေါ် ကာ
"ဟယ်လို ကျန်းဝေ ငါမင်းကိုပျောက်လို့လိုက်ရှာနေတာ မင်းကိုရှန်ယူယန်နဲ့ မိတ်ဆက်ပေးမလို့ သူကလည်း ပြန်သွားပြီတဲ့ အခုမင်းဘယ်မှာလဲ?"

ESTÁS LEYENDO
Denstiny To Love You (ဖူးစာပါရာ)
Romanceချောင်ကျန်းဝေဆိုတဲ့ ကောင်လေးတယောက်ကို တဖက်သတ်အနေနဲ့ 5နှစ်လောက်ကြိုက်လာတဲ့ ကောင်မလေးတယောက် ယာဥ်မတော်တဆဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး နောက်တကြိမ် သူမတိတ်တခိုးချစ်ရသူကို ပြန်တွေ့ချိန်မှာတော့ သူမရဲ့ခံစားချက်တွေက အရင်တိုင်းပဲလား? ပြောင်းလဲသွား...