"မင်းကိုချစ်တယ်"

1.8K 125 11
                                    

For Unicode-

ရှန်ယူယန်မှာ မနက်နိုးလာသည်တိုင်အောင် ဘာမှမမှတ်မိချေ "ချွန်ဟွာ ငါမနေ့ညက ဘယ်လိုပြန်ရောက်လာတာလဲ?"

ချွန်ဟွာက သူမအား ခေါင်းအုံးဖြင့်လှမ်းပေါက်လိုက်ရင်း "ချောင်ကျန်းဝေ ပြန်ပို့သွားတာ"

ရှန်ယူယန်က ရုတ်တရက်ထလာရင်း "ဘာ ချောင်ကျန်းဝေ သူက ငါကို ပြန်ပို့?"

"မသိဖူး နင်က သူပြန်ခါနီးတောင် အာဘွားတွေပေးလိုက်သေးတယ် ဟိုကပြသနာမရှာလို့ကံကောင်း"ချွန်းဟွာက ခေါင်းခါလိုက်ရင်း ပြောနေလေသည်

"ဘာ အာဘွား နှုတ်ခမ်းနဲ့လား ဘယ်လို ဖြစ်နိုင်မှာလဲ?" ရှန်ယူယန်မှာ ပြောရင်း စကားတောင်ထစ်ချင်လာလေသည်

"နင်ကလုပ်တာကို နင်ကသိရမှာပေါ့" ချွန်းဟွာက ပြောဆိုရင်း ထွက်သွားလေသည်

ရှန်ယူယန်မှာ ပြန်တွေးမှ မှတ်မိလေတော့သည် သူမကျောင်းပင်မသွားချင်တော့ မသွားလျင်လည်း စာမမှီဖြစ်ဦးမည်

"ချန်းမင်း" ရှန်ယူယန်မှ အတန်းတက်ရန် သူမရှေ့မှလမ်းလျောက်နေသည့် ချန်းမင်းကား လှမ်းခေါ်လိုက်သည် သူမသည် သူနဲ့ ကော်ဖီဆိုင်ကိစ္စပြီးကတည်းက မတွေ့ဖြစ်ကြ

ချန်းမင်းက ပြန်လှည့်ကြည့်သဖြင့် ရှန်ယူယန်မှ သူဘေးနားအမြန်သွားကာ လမ်းလျောက်လေသည်

ချန်းမင်းမှ ရှန်ယူယန်အား ပြုံးပြလိုက်လေသည်

အတန်းထဲ၌ biological crime projectလုပ်ရန် ပါမောက္ခမှအဖွဲ့ခွဲပေးလေသည် lawမှနှစ်ယောက် biologyမေဂျာက တယောက် သုံးယောက်တဖွဲ့ခွဲပေးခြင်းဖြစ်သည် ရှန်ယူယန်မှာ စာရင်းအား ကြည့်ရင်း 'မိုးကောင်းကင်က ငါကိုမျက်နှာမပေးဖူးပဲ အ့အစားသေခိုင်းလိုက်ပါတော့လား' သူမမှာ ချောင်ကျန်းဝေနဲ့ တဖွဲ့တည်းကျခြင်းဖြစ်သည် အဆင့်အရခွဲခြင်းဖြစ်သဖြင့် နောက်ထပ် တယောက်ကတော့ ချန်းလီပဲဖြစ်လေသည်

ရှန်ယူယန်မှာ ရှယ်ခေါင်းစားလေသည် နှစ်ယောက်လုံးအား မတွေ့ချင် အခုမှအခြားလူနဲ့လဲရန်လည်း အဆင်မပြေချေ ချောင်ကျန်းဝေက သူမအားမမြင်ချင်ယောင်ဆောင်ကာ ထွက်သွားလေသည် 'ဘာလဲ အ့ကောင်က ငါကချေရမှာကို:))'

Denstiny To Love You (ဖူးစာပါရာ)Where stories live. Discover now