For Unicode-
ချန်းမင်းဆို ထီးတောင်မပါ ချွန်းဟွာက ထီးပေးသော်လည်းမယူချေ ရှန်ယူယန်ပျောက်နေသည်မှာ သေချာမှန်းသိရသော် အရင်ထွက်သွားလေသည်
ချွန်းဟွာနဲ့ ချန်းမင်းမှာ ကျောင်းအနှံ့လိုက်ရှာလေနေသည် ချန်းမင်းဆို အကျီကောဘောင်းဘီတွေပါ စိုနေလေပြီ
မိုးကလည်းပို"သဲလာလေသည် ထီးတောင်မခိုင်ချင်တော့ "ရှန်ယူယန်" အော်ခေါ်နေသော်လည်း ဘာသံမှမကြားရချေ
ချန်းမင်းမှ အားကစားကွင်းဖက်ရောက်လာလေသည် သူကအပြင်ကနေ အထဲကိုတချက်လှမ်းကြည့်လိုက်လေသည် 'အ့တာ ရှန်ယူယန်လား?'
ကွင်းထဲကို ပတ်ပြေးနေသည့် မိန်းကလေးတယောက်ကို မြင်လိုက်ရလေသည် မိုးသဲနေတာတောင် ဂရုစိုက်ပုံမပေါ်ပေ ဘယ်အချိန်ကပြေးနေမှန်း မသိဖူး ဒီတိုင်းသာဆို လဲကျတော့မှာ
ရှန်ယူယန် ပြေးနေသည်မှာ နှစ်နာရီလောက်ရှိပြီ သူကာကွယ်ချင်တဲ့ အ့လျို့ဝှက်ချက် အခုသူကအားလုံးသိသွားပြီ နောက်ဆုံးတော့ အတင်းအကြပ်မေးခံလိုက်ခြင်းနဲ့ အဆုံးသတ်သွားပြီပဲ
ဘယ်မှာမှ မသွားချင်ဖူး ဒီတိုင်း အဆုံးသတ်လိုက်ချင်ပြီ မချစ်ချင်တော့ဖူး
ချန်းမင်းဟာ ရှန်ယူယန်မှန်း သေချာအောင် ကွင်းထဲကိုပြေးဝင်လာခဲ့တယ် အ့တုန်းမှာ အ့ကောင်မလေးက လဲကျသွားတယ် ချန်းမင်းက အပြေးသွားခဲ့သည် 'ယူယန် ယူယန်ပဲ'
ချန်းမင်းမှာ လဲကျသွားသော ရှန်ယူယန်ကို ချီလိုက်လေသည် သူမခန္ဓာကိုယ်ကအေးစက်နေပြီ ဘယ်လောက်ပြေးနေမှန်းမသိ မျက်နှာဆိုဖြူဖတ်ဖြူရော်ဖြစ်နေပြီ
ချွန်းဟွာက အခုမှ ရှန်ယူယန်တို့ကိုမြင်လေသည် "ယူယန် ယူယန် သူဘာဖြစ်တာလဲ?"
"လဲကျသွားတာ ဆေးရုံသွားမှရမယ် "ဆိုကာ ချန်းမင်းကချီကာ ပြေးသွားလေတော့သည် ချွန်းဟွာက နောက်မှလိုက်လာလေတော့သည် "အရူးမ ဘာတွေလုပ်နေတာလဲ?"
ဆရာဝန်က "အအေးမိပြီး ဒဏ်မခံနိုင်လို့ မေ့လဲသွားတာပါ တညလောက်စောင့်ကြည့်ရပါမယ် လူနာကခဏနေ သတိရလာမှာပါ သိပ်စိတ်မပူကြပါနဲ့"ဆိုကာ ထွက်သွားလေသည်

YOU ARE READING
Denstiny To Love You (ဖူးစာပါရာ)
Romanceချောင်ကျန်းဝေဆိုတဲ့ ကောင်လေးတယောက်ကို တဖက်သတ်အနေနဲ့ 5နှစ်လောက်ကြိုက်လာတဲ့ ကောင်မလေးတယောက် ယာဥ်မတော်တဆဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး နောက်တကြိမ် သူမတိတ်တခိုးချစ်ရသူကို ပြန်တွေ့ချိန်မှာတော့ သူမရဲ့ခံစားချက်တွေက အရင်တိုင်းပဲလား? ပြောင်းလဲသွား...