For Unicode-
"အထင်လွဲမိတော့မယ်"
ရှန်ယူယန်မှာ ချောင်းကျန်းဝေလုပ်ရပ်တချို့ကို နားမလည်ပေ သူမကိုမုန်းသည်ဟု ပြောခဲ့သည်သူမဟုတ်လား?
ရှန်ယူယန်မှာ ချက်ချင်းပင်ဖုန်းကိုပြန်ပိတ်လိုက်ပြီး replyမပြန်ဖို့ ဆုံးဖြတ်ထားလေသည်။
ရှန်ယူယန်မှာ seenပြပြီး typingရိုက်နေသည်ကိုတောင်မမြင်ရသဖြင့် ချောင်ကျန်းဝေ စဥ်းစားရကြပ်နေသည် "ငါနဲ့ ကစားချင်နေတာလား?"
ရှန်ယူယန်မှာ ရက်တသပတ်ကို အလုပ်၌ ကောင်းမွန်စွာလုပ်ကိုင်၍ နားသည့်ရက်ရောက်လာသဖြင့် သူမတို့၏
အရင်အထက်တန်းကျောင်းကို အလည်လာလေသည် (သူမမသိခဲ့သည်မှာ ကျောင်း၌ နှစ်ပတ်လည်အခမ်းအနားအတွက် ချောင်ကျန်းဝေရောက်နေသည် ဆိုတာကိုပင်ဖြစ်သည်)ရှန်ယူယန်မှာ ကျောင်းပိတ်ရက်လည်းဖြစ်သည့်အပြင် ကျောင်းသားများလည်းမရှိသည့် အချိန်မှရွေးလာခြင်းဖြစ်သည် သူမတက်ခဲ့သည့် အတန်းအားစမ်းတဝါးဖြင့် နောက်ဆုံး၌ ရှာတွေ့ခဲ့ပြီး ထိုနောက့် hallခန်းမကြီးကို ဖြတ်ကာ သူမတချိန်က ချောင်ကျန်းဝေအား စတွေ့ခဲ့သည့်နေရာကို သွားလေသည်။
ခန်းမထဲ၌ အလုပ်ရှုပ်နေသည့် ချောင်ကျန်းဝေမှာ အခန်းရှေ့မှဖြတ်သွားသည့် ကောင်မလေးတယောက်အား မြင်လိုက်လေသည် "ရှန်ယူယန်?"
ရှန်ယူယန်မှာ ပြတင်းပေါက်အား လက်နဲ့ပွတ်လိုက်ပြီး ထွက်သွားမည့်အချိန်မှာ နောက်မှအသံတခုအား ကြားလိုက်ရလေသည် "ရှန်ယူယန်"
သူမချက်ချင်း လှည့်ကြည့်မိလေသည် ချောင်ကျန်းဝေ 'သူကဘယ်လိုရောက်နေတာလဲ?'
ရှန်ယူယန် သူမမှာ အားကစားအကျီလက်ရှည်တထည်ကို ရှပ်အကျီအပေါ်မှထပ်ဝတ်ထားသည် ဝတ်ဆင်ထားသော အကျီမှာအရောင်မှိုင်း"ဖြစ်နေသော်လည်း သူမကိုထင်းပြီးသိသာနေစေသည်မှာ သူမဆံပင်အရောင်ပင်ဖြစ်သည် အ့တာကို ချောင်ကျန်းဝေ သဘောမကျပေ။
ရှန်ယူယန်ကလည်း "ဘာကိစ္စရှိလို့လဲ?"
"အ့တာဆို မင်းကကောဘာကိစ္စရှိလို့လဲ?" ချောင်ကျန်းဝေမှ အလိုမကျပြန်မေးလေသည်။

ESTÁS LEYENDO
Denstiny To Love You (ဖူးစာပါရာ)
Romanceချောင်ကျန်းဝေဆိုတဲ့ ကောင်လေးတယောက်ကို တဖက်သတ်အနေနဲ့ 5နှစ်လောက်ကြိုက်လာတဲ့ ကောင်မလေးတယောက် ယာဥ်မတော်တဆဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး နောက်တကြိမ် သူမတိတ်တခိုးချစ်ရသူကို ပြန်တွေ့ချိန်မှာတော့ သူမရဲ့ခံစားချက်တွေက အရင်တိုင်းပဲလား? ပြောင်းလဲသွား...