For Unicode-
ချောင်ကျန်းဝေနှင့် ချန်းမင်းကြား ဆက်ဆံရေး-
ချောင်ကျန်းဝေ ပထမနှစ်စတက်သောအခါ သူအဖေမိတ်ဆက်ပေးခဲ့တဲ့လူက ချန်းမင်းဖြစ်ခဲ့တယ် သူအဖေက ပြောခဲ့တာတော့ ချန်းမင်းက သူအကိုဝမ်းကွဲရဲ့သားဖြစ်တယ်ဆိုတာပဲ သူက အေးဆေးတယ် တည်ငြိမ်တယ် အလျင်စလိုမလုပ်ဖူး သူငယ်ချင်းပီသတယ် သူအားသာချက်တွေပဲ ချောင်ကျန်းဝေက တခါတလေစိတ်ဆိုးမိသော်လည်း ချန်းမင်းကို မခေါ်ပဲမနေနိုင်ချေ
ချောင်ကျန်းဝေ အဖေမှာ ချောင်ဟွေ့ကျင်းဖြစ်ပြီး ချန်းမင်းအဖေနာမည်မှာ ကျန်းဟွေ့စုံဖြစ်လေသည် ညီအကိုတွေဖြစ်ပေမယ့် ဘာလို့မျိုးရိုးနာမည်မတူကြတာလဲ?
ချောင်ဟွေ့ကျင်းက ချောင်မျိုးရိုးကဖြစ်ပြီး သူအမေမှာ ညီမတယောက်ရှိပါတယ် သူညီမက ကျန်းမျိုးရိုးကတယောက်နဲ့ယူလိုက်ပြီး ကလေးရခဲ့ပါတယ် သူနာမည်က ကျန်းဟွေ့စုံဖြစ်လာပြီး သူတို့နှစ်ယောက်က ညီအစ်ကိုတွေဖြစ်လာကြတယ် ချောင်မျိုးရိုးကော ကျန်းမျိုးရိုးကောက ပေကျင်းမှာ နာမည်ကြီးတဲ့ ချမ်းသာတဲ့ မိသားစုနှစ်စုဖြစ်ကြတယ် ငယ်"ကတည်းက နှစ်ယောက်သား
ရင်းနှီးလာခဲ့ကြပြီး အကြောင်းအရာတခုကြောင့် တယောက်နဲ့တယောက် မခေါ်နိုင်ဖြစ်ခဲ့ကြတယ်အ့တာကတော့ ရှန်ကျီရင်ဆိုတဲ့ မိန်းကလေးတယောက်ကြောင့်ပါပဲ နှစ်ယောက်လုံးအတူတူကြိုက်ခဲ့ကြပြီး နောက်ဆုံးမှာတော့ ဘယ်သူကမှမရခဲ့ပေမယ့် ရှန်ကျီရင်က ချောင်ဟွေ့ကျင်းနဲ့ကြိုက်ခဲ့ကြပါတယ် အ့ကိစ္စကြောင့် ညီအကိုနှစ်ယောက်မခေါ်နိုင်မပြောနိုင်ဖြစ်ခဲ့ကြပါတယ် ကျန်းဟွေ့စုံက မိဘတွေသဘောတူတဲ့ အမျိုးတယောက်ကို လက်ထပ်ခဲ့ပါတယ်
ချောင်မျိုးရိုးက ဘိုး"နဲ့ ရှန်မျိုးရိုးက ဘိုး"နဲ့ဟာ စီးပွားပြိုင်ဖက်တွေဖြစ်တာကြောင့် မတည့်ခဲ့ကြပါဖူး သားသမီးတွေရဲ့သတင်းကြားတဲ့အချိန်မှာတော့ ရှန်ဘိုး"က သူသမီးအငယ်ဆုံး ရှန်ကျီရင်ကို နာမည်ကြီးမိသားစုမှသားတယောက်နဲ့ ကောက်စီစဥ်ပေးခဲ့ပြီး လက်ထပ်စေခဲ့ပါတယ် တဖက်မှ ကျန်းဟွေ့စုံကလည်း သူညီကို ရှန်ကျီရင်အပေါ် အထင်လွဲအောင်လုပ်ကာ အမျိုးသမီးတဦးနဲ့ လက်ထပ်စေခဲ့ပါတယ်
ESTÁS LEYENDO
Denstiny To Love You (ဖူးစာပါရာ)
Romanceချောင်ကျန်းဝေဆိုတဲ့ ကောင်လေးတယောက်ကို တဖက်သတ်အနေနဲ့ 5နှစ်လောက်ကြိုက်လာတဲ့ ကောင်မလေးတယောက် ယာဥ်မတော်တဆဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး နောက်တကြိမ် သူမတိတ်တခိုးချစ်ရသူကို ပြန်တွေ့ချိန်မှာတော့ သူမရဲ့ခံစားချက်တွေက အရင်တိုင်းပဲလား? ပြောင်းလဲသွား...