For Unicode-
ရှန်ယူယန်မှာ ချန်းလီကြောင့် စိတ်တိုနေသည့်ကြားထဲ ချောင်ကျန်းဝေကပါ တဆင့်ပြသနာကြားထဲ ဝင်လာသဖြင့် သူမပိုစိတ်ဆိုးမိလေသည်။
ချောင်ကျန်းဝေကား ချန်းမင်း၏ကားပါလာပြီးသား ဖြစ်လေသည် ချန်းမင်းက သူနဲ့အတူ အစကလာရန်စီစဥ်ထားသော်လည်း ချန်းမင်းအဖွားမှာ ရုတ်တရက်အမောဖောက်သဖြင့် သူအားကားပေးလိုက်ကာ နေခဲ့ခြင်းဖြစ်သည် (နို့မို့ဆိုလျင် ခုနကချောင်ကျန်းဝေနေရာမှာ ချန်းမင်းဖြစ်ပေလိမ့်မည်) ချောင်ကျန်းဝေမှာ အစက ချန်းမင်းနဲ့ အတူသူအိမ်၌ အလည်အိပ်ရန် စီစဥ်ထားသော်လည်း အခြေအနေအမျိုး"ကြောင့် ရှန်ယူယန်ကို ပြန်ပို့ပြီး သူကားအားပြန်ပို့ရန် ဖြစ်လာလေပြီ။
ချောင်ကျန်းဝေမှာ သူမကိုအတင်းဆွဲလာပြီး ကားတံခါးပါဖွင့်ပေးပြီး သူမခေါင်းနဲ့တိုက်မိမည်စိုး၍ အခြားလက်တဖက်ဖြင့်ပိတ်ပေးကာ ကားထဲအတင်းထည့်၍ တံခါးပြန်ပိတ်လိုက်လေသည် ။
ထိုနောက့် သူအား ကားမောင်းသူနေရာ၌ ဝင်ထိုင်၍ စက်စနှိုးလေသည် ရှန်ယူယန်မှာ ချောင်ကျန်းဝေဆွဲလာသော သူမလက်ကောက်ဝတ်ကား နီနေသဖြင့် လက်တဖက်ဖြင့် ဖုံးနေတုန်း ချောင်ကျန်ဝေက ကားစက်ထနှိုးသဖြင့် လန့်သွားလေသည် "အရက်သောက်ထားတယ်မလား ဒီလိုနဲ့အဖမ်းခံရတော့မှာ နှစ်ယောက်လုံး" ရှန်ယူယန်မှ စိတ်တိုတကြီး နောက်ဆုတ်ရန် back mirrorကြည့်နေသည့် ချောင်ကျန်းဝေအား ပြောလိုက်လေသည်။
ချောင်ကျန်းဝေမှ ကားနောက်ဆုတ်ရင်း ရပ်လိုက်ကာ"ကိုယ်တစက်လေးမှ မသောက်ရသေးပါဖူး တစုံတယောက်က အနိုင့်ကျင့်ခံရလို့ ရောက်တာတောင် သိပ်မထိုင်ရသေးဖူး ထွက်လာရတာ "သူမအား ခပ်ရွဲ့"အပြုံးဖြင့် ပြောလေသည်။
"အ့တာဆို ပြန်သွား ကျွန်မဆင်းမယ်"ဆိုကာ ရှန်ယူယန်မှ ဆင်းရန်ကားတံခါးအား ဆွဲလိုက်သော်လည်း ချောင်ကျန်းဝေမှာ လက်မြန်စွာဖြင့် lockကြိုချပြီးဖြစ်လေသည်။
"ကိုယ်ပြန်သွားချင်တယ်လို့ မပြောမိပါဖူး " ချောင်ကျန်းဝေမှ ကားအား parkingမှ ထုတ်ပြီးနောက် ရပ်လိုက်ကာ ပြန်မေးလေသည်။

YOU ARE READING
Denstiny To Love You (ဖူးစာပါရာ)
Romanceချောင်ကျန်းဝေဆိုတဲ့ ကောင်လေးတယောက်ကို တဖက်သတ်အနေနဲ့ 5နှစ်လောက်ကြိုက်လာတဲ့ ကောင်မလေးတယောက် ယာဥ်မတော်တဆဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး နောက်တကြိမ် သူမတိတ်တခိုးချစ်ရသူကို ပြန်တွေ့ချိန်မှာတော့ သူမရဲ့ခံစားချက်တွေက အရင်တိုင်းပဲလား? ပြောင်းလဲသွား...