"လမ်းခွဲရအောင်"

1.9K 116 9
                                    

For Unicode-

ရှန်ယူယန်မှာ နက်ဖြန်ပြန်မယ့်အစီအစဥ်မှာ ဒီနေ့ဖြစ်သွားလေသည် သူမပစ္စည်းတချို့သိမ်းကာ အဆောင်မှပြန်ထွက်လာလေသည် ။

ရှန်ယူယန်တို့မှာ ရောက်"ချင်း ချန်းလီတို့အိမ်ကို သွားရလေသည် သူမအမျိုးတချို့နှင့် သူမသူငယ်ချင်း သူမအမေတို့က အခန်းတခန်းရှေ့မှာ ရပ်နေကြလေသည်။

"ချန်းလီ သမီးတံခါးဖွင့်ပါ အမေကိုဝင်ခွင့်ပြုပါ"အန်တီတယောက် တံခါးကိုထုပြီး အော်နေလေသည်။

ရှန်ယူယန်က ဝင်"လာချင်း "အန်တီ ဘာဖြစ်လို့လဲ?"

"အားလီပေါ့ အခုထိ တံခါးမဖွင့်ဖူး သေလိုက်မယ်ပဲပြောနေတယ်"ဆိုကာ ငိုလေသည်။

အခန်းထဲမှ ချန်းလီက "အားချန် အားချန် ရှင်ရောက်လာပြီလား?"

ချောင်ကျန်းဝေက တံခါးနားသွားကာ"ဟုတ်တယ် ရောက်လာပြီလေ တံခါးဖွင့်ပါ"

ထိုအခါမှ တံခါးဖွင့်ပေးလေသည် သို့သော် ချောင်ကျန်းဝေဝင်"ပြီးချင်းမှာပဲ တံခါးကပြန်ပိတ်သွားလေသည် ရှန်ယူယန်က တံခါးရှေ့မှာပဲ ရပ်ကာ ကျန်ခဲ့လေသည်။

အခန်းထဲ၌ ချန်းလီက ဓါးတချောင်းကိုင်ထားလေသည်
"ငါကိုယ်ငါသတ်ပြီး သေလိုက်တော့မယ် ကျန်းဝေ"

ချောင်ကျန်းဝေက စိတ်ပူစွာဖြင့်"ဓါးချထားလိုက်ပါ ဓါးချထားပြီး ပြောရအောင်"

ချန်းလီကငြင်းဆိုကာ "အခုငါမှာ ပါးပါးလည်းမရှိတော့ဖူး နင်ကပါမရှိတော့ဖူးဆိုရင် သေသွားတာအကောင်းဆုံးပဲ"

"ချန်းလီ မင်း" ချောင်ကျန်းဝေက စိတ်တိုစွာဖြင့် ပြောလေသည်

"ချောင်ကျန်းဝေ ငါကိုကြည့်ပါဦး နင်ငါကိုချစ်ခဲ့တယ်မလား နင်ရှန်ယူယန်ကို ဒီတိုင်းစိတ်ယိုင်နေတာမလား ငါကိုမမေ့သေးဖူးမလား?" ဆိုကာ ပြောလေသည်။

"အားလီ ဓါးကိုချထားပါ "

"ငါဆီကိုပြန်လာမယ်လို့ ပြော ငါကိုချစ်သေးတယ်လို့ပြော "ချန်းလီက စိတ်လွတ်ကိုယ်လွတ်အော်လေသည် အပြင်ဖက်မှ စောင့်နေတဲ့ ရှန်ယူယန်ဆို လန့်တောင်သွားလေသည် 'အဆင်မှပြေရဲ့လား'

Denstiny To Love You (ဖူးစာပါရာ)Donde viven las historias. Descúbrelo ahora