For Unicode-
ချောင်ကျန်းဝေက သူစကားအတိုင်းပါပဲ ရှန်ယူယန်ကို မြင်ရင် အရူးလိုပြေးလာကာ စကားလာပြောပြီး အတန်းထဲမှာဆိုလည်း ရှန်ယူယန်ဘေးနားထိုင်ဖို့ အစောကြီးရောက်လာတာမျိုးပေါ့ mesageလည်း ခဏ"ပို့လွန်းလို့ ဘေးက ချန်းမင်းက တော်ပါတော့လို့ ပြောယူရတဲ့အထိပဲ။
အတန်းထဲ၌ ဒီနေ့ ချောင်ကျန်းဝေကကျောင်းကိစ္စတခုကြောင့် နောက်ကျမှရောက်လာသဖြင့် ရှန်ယူယန်နှင့် တူတူမထိုင်လိုက်ရပေ ချောင်ကျန်းဝေက သူဖုန်းကိုထုတ်ကား တခု"ကိုရေးနေလေသည်။
"တိန်" ရှန်ယူယန်ဆီ messageဝင်လာလေသည် စာသင်နေတုန်းဖြစ်သဖြင့် သူမကဖုန်းအား အသံတိုးလိုက်ရင်း messageအားကြည့်လိုက်လေသည်။
"နေ့လည်စာဘာစားမှာလဲ?" -ချောင်ကျန်းဝေ
"မသိဖူးလေ " ရှန်ယူယန်မှ ပြန်ပို့လိုက်ရင်း ဖုန်းအားပိတ်လိုက်လေသည် ။
ချောင်ကျန်းဝေမှာ ရှန်ယူယန်နဲ့ ဟိုဖက်ခြမ်းဒီဖက်ခြမ်းဖြစ်"သဖြင့် သေချာမမြင်ရပေ သို့သော် သူဆီ messageဝင်လာလေသည် ။
'မသိဖူး ဘာမသိဖူးလဲ နေ့တိုင်း တူတာတွေချည်းစားနေပြီးတော့'
ချောင်ကျန်းဝေက ရှန်ယူယန်အား သေချာမမြင်ရသဖြင့် ဖုန်းကင်မရာဖွင့်ကာ zoomဆွဲကြည့်လေသည်။
ရှန်ယူယန်က ဒီနေ့မှ ပိုလှနေသလိုပဲ သူမကအဝါရောင်လက်တိုကို ဝတ်ဆင်ထားပြီး ဆံပင်ကိုချထားခဲ့တယ် ပါးနှစ်ဖက်ကဖောင်းနေလို့ ချောင်ကျန်းဝေ ဓာတ်ပုံရိုက်မိတဲ့အထိပါပဲ။ရှန်ယူယန်ဆီ စာထပ်ရောက်လာပြန်ပါပြီ သူမကြည့်လိုက်တော့ စာတစောင်နဲ့ သူမပုံပါပါလာလေသည် "ဒီနေ့တော့ ယူယန် မင်းထမင်းစားဖို့မလိုဖူးလို့ ကိုယ်ထင်တယ်" ဆိုကာ သူမပါးနှစ်ဖက်အား အနီးကပ်ရိုက်ထားသောပုံဖြင့် တွဲပို့ထားလေသည်။
'စာသင်နေတာကို ဘယ်တုန်းကရိုက်ဖို့ အချိန်ရသွားတာလဲ?' သူမ ချောင်ကျန်းဝေကို မျက်လုံးဖြင့် လိုက်ရှာလေသည် တွေ့ပြီ ဟိုဖက်ခြမ်းမှာ သူမဟုတ်တဲ့အတိုင်း စာနားထောင်ချင်ယောင်ဆောင်နေတဲ့ ချောင်ကျန်းဝေကို။

VOCÊ ESTÁ LENDO
Denstiny To Love You (ဖူးစာပါရာ)
Romanceချောင်ကျန်းဝေဆိုတဲ့ ကောင်လေးတယောက်ကို တဖက်သတ်အနေနဲ့ 5နှစ်လောက်ကြိုက်လာတဲ့ ကောင်မလေးတယောက် ယာဥ်မတော်တဆဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး နောက်တကြိမ် သူမတိတ်တခိုးချစ်ရသူကို ပြန်တွေ့ချိန်မှာတော့ သူမရဲ့ခံစားချက်တွေက အရင်တိုင်းပဲလား? ပြောင်းလဲသွား...