Part~~14

3.4K 205 19
                                    

[Unicode]

"အူကြူးရေ ထတော့"

"5မိနစ် Daddy"

မျက်လုံးမဖွင့်သေးပဲ 5မိနစ်လုပ်နေတဲ့ အဆိုးလေး စိတ်တိုင်းကျ 5မိနစ်စောင့်ပေးလိုက်သည်။

"သခင်လေး...ထလို့ရပါပြီ"

"ဟီး....ထပြီ Daddy"

အိပ်ယာပေါ်ကပေါက်စကို ပွေ့ချီလိုက်တော့ ပါးကို လာနမ်းတဲ့ အူကြူးလေး။ကိုယ်ကလည်း သူ့ကို Morning kissပြန်ပေးလိုက်မှ မျက်နှာလေးက ပြုံးသွားတော့သည်။သူနမ်းလို့ ပြန်မနမ်းရင်လဲ စိတ်ဆိုးတတ်တဲ့ကလေးလေး။

"မျက်နှာသစ်ပြီး အောက်ဆင်းလာခဲ့တော့နော် ခြံထဲကစောင့်နေမယ်"

"ဟုတ် Daddy"

ပေါ်ပေါ်မျက်နှာသစ်ပြီး အောက်ဆင်းသွားတော့ ခြံထဲမှာ လေ့ကျင့်ခန်း လုပ်နေတဲ့ Daddy။

"ဒီနေ့ အပြင်ကို လမ်းထွက်လျှောက်မယ် အူကြူး"

"ဟုတ် Daddy"

"လမ်းလျှောက်ရတာ အဆင်ပြေရဲ့လား အူကြူး"

"ဟုတ် Daddy ပြေပါတယ်"

"ဒီနေ့ နေ့တစ်ပိုင်း ကျောင်းခွင့်ယူလိုက် Daddyလာကြိုမယ်"

"ဘာလို့လဲ Daddy"

"ပက်တီးသွားဖြေမယ်လေ အူကြူးရဲ့"

"သြော်....ဟုတ်ကဲ့ Daddy"

"Daddy"

"ပြောလေ အူကြူး"

"နောက်နေ့တွေလည်း နေ့တိုင်း လမ်းထွက်လျှောက်ရအောင်နော်"

"အူကြူးက လျှောက်ချင်လို့လား"

"ဟုတ်"

"အင်း....တစ်ပတ်ကို 3ရက်လောက် လျှောက်ကြတာပေါ့"

"ဟီး...အာ့ကြောင့် Daddyကို ချစ်တာ"

"ဟုတ်ပါပြီ သခင်လေးရယ် အခုတော့ ပြန်ကျမယ်"

"ဟုတ်"

အိမ်ရောက်တာနဲ့ ခဏနားပြီး အူကြူးကို ရေချိုးပေးရင်း ကိုယ်ပါချိုးရသည်။
ပြီးမှ အ၀တ်စားလဲပေးပြီး မနက်စာကျွေးရသည်။
သူ့ကိုကျွေးပြီးမှ ကိုယ်လည်း စားရတယ်။

"အူကြူး စာကြည့်ခန်းထဲသွားနှင့် Daddy စားပြီးလာခဲ့မယ်"

"ဟုတ်....Daddy"

Daddyရဲ့ရှင်သန်ရာ [Daddyရဲ့ရွင္သန္ရာ]Where stories live. Discover now