Part~~24

4.2K 190 12
                                    

[Unicode]

"Hello...ရိပေါ်ပြော"

"ငါမင်းတို့ ဆီ လာမလို့ ဘယ်မှာလဲ မင်းတို့က"

"ဖန်ရှင်းအိမ်မှာ"

"အေး ဘီယာ၀ယ်ပြီး လာခဲ့မယ်"

"ဟေ့...ဟေ့ကောင် ဖြစ်ပါ့မလား"

"ဖြစ်ပါတယ်ကွာ.....ငါပိုင်တယ်"

"အေးကွာ....အေး အေး"

PeiXinနဲ့ ဖန်ရှင်းကတော့ ပြောမရလို့သာ အေး လို့ ပြောလိုက်ရတယ်။

ဦးဦးရှောင်းသိသွားလို့ကတော့ သူတို့ အကုန်သေမှာ။
ဒီကောင် ရိပေါ် တော်တော်ကိုမွှေတယ်။

ခဏကြာတော့ လက်ထဲမှာ သောက်စရာ စားစရာ အပြည့်နဲ့ရောက်လာတဲ့ ရိပေါ်။

"ဆိုစမ်းပါအုံး...ဘာတွေညစ်နေလို့တုန်း"

ရိပေါ်၀င်ထိုင်ထိုင်ချင်း ဖန်ရှင်းက မေးလိုက်တော့ ရိပေါ်က သက်ပြင်းချသည်။

"မင်းတို့ Daddy အတွင်းရေးမှူး ဆူဇီဆိုတဲ့ မိန်းမကို သိလား"

"သိတယ်လေ"

"အေး...အဲ့မိန်းမကြီးက Daddy အပေါ်မရိုးသားဘူး။
ငါ့ကိုလည်း Daddyရှေ့ဆို မောင်လေး၊ကလေးနဲ့ Daddyကွယ်ရာကျ မတူသလို မတန်သလိုလုပ်တာ"

"မင်းက မင်း Daddyကို မပြောပြဘူးလား"

"ပြောလည်း Daddyက ငါ့ကိုပဲ စိတ်ဆိုးမှာ ပြောမနေဘူးကွာ"

ရိပေါ်ကပြောလည်း ပြော လက်ထဲက ဘီယာကိုပါ မော့သောက်လိုက်သည်။

"ဒါဆို ဘယ်လိုလုပ်မှာလဲ မင်း..."

"အဲ့ မိန်းမ မရိုးသားဘူးဆိုတာ Daddy သိအောင် လုပ်ရမယ်"

"အကူညီ လိုရင်ပြော ဟေ့ကောင်"

"အေ့"

တော်တော်ကြာသောက်ပြီးတော့ ရိပေါ်တို့ သုံးယောက်လုံး အတော်အတန်မူးနေပြီ။

PeiXinကတော့ တော်တော်ကို မူးနေပြီ။
စကားတောင် ၀င်မပြောဘဲ လှိမ့်သောက်နေတာ သူတောင်းစားက.....

"ဟေ့ကောင်တွေ ငါDaddyဆီ သွားမလို့ မင်းတို့ လိုက်မှာလား"

"အေး.....လိုက်မယ်"

Daddyရဲ့ရှင်သန်ရာ [Daddyရဲ့ရွင္သန္ရာ]Where stories live. Discover now