[Unicode]
ရှောင်ကျန့်တစ်ယောက်အိမ်ပြန်ရောက်တာတော့ သူ့ကိုမျှော်နေတဲ့ ပိစိလေးက ထွက်လာပြီး
"Daddyကယဲ ကြာလိုက်ယာ"
"Daddyက အလုပ်လုပ်နေတာလေ ပိစိရဲ့ ဒီမာDaddy ပိစိတွက်မုန့်တ8ွေ၀ယ်လာတယ်"
ရှောင်ကျန့်ကပြောပြီး လက်ထဲကမုန့်တေကို ၀မ်ပေါက်စလက်ထဲကိုထည့်ပေးလိုက်တော့ ၀မ်ပေါက်စက မုန့်တေကို မီးဖိုချောင်ထဲသွားထားပြီး သူ့ဆီပြန်ပြေးလာသည်"လာပါအုံး Daddyရဲ့ ပိစိလေး ထမင်းရော စားပြီးပြီလား"
ရှောင်ကျန့်က ရိပေါ်ကိုချီလိုက်ပြီးမေးလိုက်တော့
"ချားပြီးပြီDaddy" စကားမပီတချက်ပီတချက်နဲ့ ၀မ်ပေါက်စက ပိုပိုပြီးချစ်ဖို့ကောင်းလာသလို
"လိမ္မာတယ် ပိစိလေး ထမင်းက ဖွားဖွားကျွေးတာလား အခုဖွားဖွားရော ဘယ်မာလဲ"
"ဟုတ်ရယ် ထမင်းက ဖွားဖွားကျွေးယာ အထုတော့ ဘုရားကန်တော့ နေရယ်"
"ဟုတ်လား ဖွားဖွားက ပိစိလေးကို တစ်ယောက်ထဲ ထားခဲ့တာပေါ့"
"ဟုတ်ဘူးယေ ဟိုမာယေ ဖိုးဖိုးထိုင်နေတာ မြင်ပူးယားး Daddyကယဲ"
ရှောင်ကျန့်လဲရိပေါ်လက်ညှိုးထိုးပြတဲ့ ဘက်ကိုကြည့်လိုက်မှ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ ရှောင်ပါးကိုမြင်ကာ
"ဟီးးး😁 ပါးဘယ်တုန်းက ပြန်ရောက်နေတာလဲဟင်" ရှောင်ကျန့်က ရိပေါ်လေးကို ချီကာ ဧည့်ခန်းထဲကို ၀င်လာရင်းမေးလိုက်တော့
"နေ့လည် မင်းရုံးသွားကတည်းက ရောက်နေတာ တကတည်း ငါကတော့ အိမ်ထဲဘယ်တော့၀င်လာမလဲ စောင့်နေတာ ၀င်ကိုမလာပူး ဒီကြားထဲ ငါ့မိန်းမကိုက အပြစ်ပြောချင်သေးတာ"
"ပါးကလဲ သားက ခလေးတစ်ယောက်ထဲဖြစ်နေမာဆိုးလို့ပါ"
"မဖိပါပူး Daddyရဲ့ သားကကာတားကွန်းကြည့်နေရာယေ" ၀မ်ပေါက်စပြောမှ TVမာ ကာတွန်းကားဖွင့်ထားတာကို မြင်ပြီး ရယ်ချင်စိတ်ကိုထိန်းကာ
"ဟုတ်လား ဖိုးဖိုးနဲ့တူတူ ကာတွန်းကားကြည့်နေတာပေါ့ ပိစိလေးက"