[Unicode]
မနက်မိုးလင်းတော့ ရှောင်ကျန့်လဲ ကျိုးချန်ကိုနှုတ်ဆက်ပြီး ရိပေါ်ကိုချီကာ ယွီပင်းလာကြိုတဲ့ ကားနဲ့ အိမ်ပြန်လာကြသည်
ခြံထဲမှာ ကားရပ်လိုက်တော့ တစ်လမ်းလုံး ငြိမ်နေတဲ့ ရင်ခွင်ထဲက ကလေးငယ်က စကားစလာသည်
"Daddy ပေါ်ပေါ်က ဒီအိမ်ကြီးမာ နေရမာယားးဟင်" အိမ်ကြီးက နန်းတော်သဖွယ်ခမ်းနားနေပြီး အစောင့်တွေလဲ အများကြီးရှိတာကြောင့် တစ်ခါမှမရောက်ဖူးတဲ့ ရိပေါ်အတွက်တော့ အနည်းငယ် ကြောက်ဖို့ကောင်းနေတာတော့ အမှန်ပင်
"ဟုတ်တယ်လေ ပိစိလေးရဲ့ ဘာလိုလဲ"
"ဟီးးး ပေါ်ပေါ်ကြောက်ယို့" သွားလေးဖြဲကာ ရယ်ပြနေတဲ့ ရိပေါ်ကို အသဲယားကာ ရှောင်ကျန့်က ပါးလေးကိုနမ်းလိုက်ပြီး
"မကြောက်နဲ့နော် Daddyလဲရှိတယ် ဖိုးနဲ့ဖွားလဲရှိတယ် ပိစိလေးရဲ့ ပြီးတော့ အိမ်တော်ထိန်းကြီးရော" ရှောင်ကျန့်ပြောလိုက်တော့မှ ရိပေါ်က မျက်လုံးလေး ဘလင်း ဘလင်းဖြစ်သွားပြီး
"ပေါ်ပေါ် အောက်ဆင်းချင်ရယ် Daddy"
"အင်းလာ Daddyတို့ အိမ်ထဲ၀င်ကြမယ်"
ရှောင်ကျန့်လဲ ရိပေါ်လေးကို ချီပြီး အိမ်ထဲ၀င်လာတော့ ဧည့်ခန်းထဲမှာ ထိုင်နေတယ် ရှောင်မားက
"သားကျန့် မားဆီခဏ လာအုံး" ရှောင်မားရဲ့ မျက်နှာထားက တင်းမာနေတော့ ရိပေါ်လေးကတော့ ကြောက်ပြီးရှောင်ကျန့်ကို ပိုလို့ဖက်တွယ်လာသည် ဒါကိုသိတယ်ရှောင်ကျန့်က
"မားကလဲ မျက်နှာထားလေးလျှော့ပါအုံး ဒီမာကလေးကကြောက်နေပြီလေ"
"ဟမ် အော် အေး အေး" ရှောင်မားလဲ မျက်နှာထားကိုလျှော့ပြီး အရှေ့မှာရှိတဲ့ အသီးကို ယူစားလိုက်ပြီး
"ကဲ ပြောပါအုံး ဒီကလေးက ဘယ်သူလဲ"
ရှောင်ကျန့်ကဖြေမလို့လုပ်တုန်းရင်ခွင်ထဲက အကောင်ပေါက်က"ပေါ်ပေါ်က၀မ်ရိပေါ် Daddyက ပေါ်ပေါ်ကိုမွေးချားးမာတဲ့" သွက်သွက်လက်လက်ရှိပြီး ချစ်စရာကောင်းတဲ့ရိပေါ်ကို ရှောင်မားက ကြည့်လိုက်ပြီး
![](https://img.wattpad.com/cover/248683198-288-k478199.jpg)