Part~~6

4.4K 266 9
                                    

[Zawgyi]

ရှောင်ကျန့်ရေချိုးခန်းထဲက ထွက်လာတဲ့ထိ ၀မ်ပေါက်စက ငြိမ်ငြိမ်လေးရပ်နေသည်။

ဒီခလေးက လိမ္မာတယ် တစ်ခါတစ်လေဂျီကျပြီးချွဲတာလေးကလွဲလို့ပေါ့။

ရှောင်ကျန့်အ၀တ်စားလဲနေတုန်း ph၀င်လာတာကြောင့် phကိုင်လိုက်သည်။

📲📲အေး ယွီပင်းပြော

📲📲ရှောင်ကော ကျွန်တော် mailကနေ စာချုပ်ပါအချက်အလက်တေပို့ထားပါတယ် အဲ့တာလေး စစ်ကြည့်ပေးပါအုံး အခုချက်ချင်းစာချုပ်ချုပ်မယ်ပြောနေလို့ပါ

📲📲အင်း....

ရှောင်ကျန့်လဲPhချပြီး လပ်တော့ကိုယူကာ စာချုပ်ပါအချက်တေကို စစ်နေလိုက်သည်
သဘောမကျတဲ့ အချက်တေပါနေတာကြောင့် အသေးစိတ်ပြန်ပြောနေရတာနဲ့ အချိန်က ကြာမှန်းမသိကြာသွားတော့သည်

ရှောင်ကျန့်လဲ အဆင်ပြေသွားပြီဆိုမှ လပ်တော့ကနေအကြည့်ခွာလိုက်ပြီး စားပွဲပေါ်ကရေတစ်ခွက်ကိုယူသောက်ရန်ပြင်နေတုန်း အနောက်ကနေအသံကြားလို့လှည့်ကြည့်လိုက်တော့မှ ငိုမဲ့မဲ့နဲ့ ၀မ်ပေါက်စကို မြင်တော့ ခေါင်းတစ်ခုလုံး ပူထူသွားတော့သည်

လက်ကနာရီကိုကြည့်လိုက်တော့လဲ 5နာရီတောင်ခွဲနေပြီ သူရေချိုးခန်းမ၀င်ခင်က4နာရီ အခုက5နာရီခွဲနေပြီဆိုတော့ သူပေါက်စကို မတ်တပ်ရပ်ခိုင်းထားတာ 1နာရီခွဲတောင်ရှိပြီဆိုတော့ ဒီခလေးခြေထောက်တေနာလာရောပေါ့

"ကလေးလေး"

"Daddyဟင့်....ရွှတ်"

"လာ လာ ပေါက်စ Daddyဆီကိုလာ" ရှောင်ကျန့်က ဆိုဖာပေါ်ကနေ သူ့ဆီလာဖို့ပြောတော့

"ပေါ်ပေါ် လမ်းလျှောက်လို့အရတော့ဝူး အင့်..." ပြောနေရင်း ကြမ်းပြင်ပေါ်ထိုင်ချလိုက်တာကြောင့် ရှောင်ကျန့်လဲ အမြန်သွားကာ ပွေ့ချီလိုက်ပြီး ကုတင်ပေါ်ကို တင်ပေးလိုက်တော့ ငိုမဲ့မဲ့လေးနဲ့ သူ့ကိုကြည့်လာတဲ့ ခလေးငယ်

"ခြေထောက်ကနာနေလား ပေါက်စ" ရှောင်ကျန့်က ခြေထောက်လေးကို အသာနှိပ်ပေးရင်း မေးတော့ ခေါင်းငြိမ့်ပြလာတဲ့ ပေါက်စ

Daddyရဲ့ရှင်သန်ရာ [Daddyရဲ့ရွင္သန္ရာ]Where stories live. Discover now