[Unicode]
ဒီနေ့ဆို ပေါ်ပေါ်တို့ စာမေးပွဲနောက်ဆုံးနေ့...
ဒီရက်ပိုင်းလေDaddyက အရင်ကထက်ပိုပြီး စည်းကမ်းကြီးလာတယ်။စာနဲ့ပက်သက်ရင် ပိုဆိုးတယ်။
"အူကြူး.....နောက်ဆုံး ဘာသာကို ကောင်းကောင်းဖြေခဲ့နော်"
"ဟုတ်ကဲ့ Daddy"
"ဒါဆို သွားကြမယ် ကျောင်းချိန်နီးနေပြီ"
"ဟုတ်"
"Daddy"
"ပြောလေ အူကြူး"
"ဟိုဟာလေ ပေါ်ပေါ်တို့ကျောင်းမှာ လေ့လာရေးခရီးလိုက်ပို့မှာ အဲ့ဒါ"
"မလိုက်ရဘူးနော် ကလေးလေး Daddyစိတ်မချဘူး"
"ဟင့်...Daddyကလည်း"
"Daddyကလည်းမနေနဲ့ ကျောင်းရောက်ပြီ သေချာဖြေခဲ့နော် ကျောင်းဆင်းရင် ယွီပင်းကောလာကြိုလိမ့်မယ်။ဒီနေ့Daddyလာမကြိုတော့ဘူး"
"ဟုတ်ကဲ့Daddy။အာဘွား"
ပါးဖောင်းဖောင်းလေးထဲ နှာခေါင်းနစ်ဝင်သွားတဲ့ထိ ပြန်နမ်းလိုက်တော့ တခစ်ခစ်ရယ်ပြီး ကားပေါ်က ဆင်းသွားတဲ့ အူကြူးလေး။
အမြဲတမ်းသူကိုနမ်းရင် သဘောကျတတ်တဲ့ကလေး။
"ရိပေါ် မင်းမျက်နှာက ဘာဖြစ်လာပြန်တာတုံး"
Daddyရှေ့မှာမို့သာ ဆူပုပ်မနေရဲတာကျောင်းထဲရောက်တာနဲ့ ရိပေါ်မျက်နှာက ဆူပုပ်နေပြီ။
"Daddyလေ ငါလေ့လာရေးခရီးလိုက်ချင်တာကို မလိုက်ခိုင်းဘူး"
"ဘာဖြစ်လဲ မင်းမလိုက်ရင် ငါတို့လည်း မလိုက်ရဘူးလေ"
"ငါက လိုက်ချင်တာလေ"
"တော်စမ်းပါ ရိပေါ်ရာ အပိုတွေ ပြောမနေနဲ့ ဉီးဉီးရှောင်းက လုံးဝထည့်မှာမဟုတ်ဘူး"
ငြိမ်နေတဲ့ဖန်ရှင်းကပါ ၀င်ပြောလာတာကြောင့် ရိပေါ်လည်း ဘာမှဆက်မပြောတော့ဘဲ ဆူပုပ်ပုပ်နဲ့သာ ထိုင်နေတော့သည်။
"ရိပေါ်ရေ အခန်းထဲ ၀င်လို့ရပြီ"
ဖန်ရှင်းလှမ်းပြောတာကို ပြန်မဖြေဘဲ ဆူအောင့်အောင့်နဲ့ အခန်းထဲဝင်သွားတဲ့ ရိပေါ်ကိုကြည့်ပြီး Peixinကတော့ စပ်ဖြဲဖြဲ။