[Unicode]
"ဟိုမှာ ဆရာမ လာနေပြီ မငိုနဲ့တော့"
Peixinကဆရာမလာနေပြီပြောမှ အငိုတိတ်သွားတဲ့ရိပေါ်။
အရင်ကဆို ဆရာမ လာရင် စာမသင်ချင်လို့ စိတ်ညစ်ပေမဲ့ ဒီတစ်ခါတော့ ဆရာမကို ထိုင်တောင်ကန်တော့လိုက်ချင်တယ်။
သူက ငိုနေတော့ တစ်ခန်းလုံးက ၀ိုင်းကြည့်နေတာ။
သူမရှက်ပေမဲ့ ဒီကအချောလေးကတော့ ရှက်တယ်။
အခုတော့ ဆရာမ စာသင်တာ လိုက်ကြည့်လိုက်အုံးမယ်။ဆရာမက သင်စရာရှိတာ သင်ပြီးတော့ စကားစပြောလာသည်။
"ကဲ...ကလေးတို့ စာမေးပွဲနီးနေပြီဆိုတာသိကြမှာပေါ့"
"ဟုတ်ကဲ့!!!!!"×All
"နားမလည်တဲ့ စာတွေရှိရင် မုန့်စားနားချိန်ဖြစ်ဖြစ် ထမင်းစား နားချိန်ဖြစ်ဖြစ်လာမေးကြ"
"ဟုတ်ကဲ့....ဆရာမ"
"စာမေးပွဲ အမှတ်နည်းရင်တော့ အမှတ်အလိုက် အပြစ်ဒဏ်ခံရတာသိတယ်နော်"
"ဟုတ်...သိပါတယ် ဆရာမ"
ကျန်တဲ့ကျောင်းသားတွေက ဆရာမပြောတာကို ပြန်ဖြေနေကြသော်လည်း မဖြေနိုင်တော့တာ ရိပေါ်တို့သုံးယောက်။
ကြောင်တောင်တောင်လေးနဲ့ တစ်ယောက်ကိုယ်တစ်ယောက်ကြည့်နေကြသည်။
ဒါကို မြင်တဲ့ဆရာမက ရိပေါ်တို့ကို လှမ်းပြောတယ်။"သားတို့က ကျောင်းသား အသစ်တွေမို့ သိကြမှာ မဟုတ်ဘူး။ဒါက ဆရာမတို့ ကျောင်းရဲ့ စည်းကမ်းပဲ အဲ့အတွက် ဒီစည်းကမ်းကို သားတို့လည်း လိုက်နာရမယ်"
"ဟုတ်ကဲ့ ဆရာမ။သားတို့ လိုက်နာပါ့မယ်"
ရိပေါ်တို့သုံးယောက်လုံး တစ်ပြိုင်တည်း ပြန်ဖြေလိုက်တော့ ဆရာမက သူပြောစရာရှိတာ ဆက်ပြောသည်။"ဒီနှစ်ရဲ့ အထူးအစီစဥ်ကတော့ စာမေးပွဲပြီးရင် လေ့လာရေးခရီးလိုက်ပို့ပေးမှာပဲ"
"ယေး.......!!!"
"ဒါပေမဲ့ ကျောင်းသားတိုင်း လိုက်ခွင့်မရှိဘူး အမှတ်ကောင်းတဲ့ ကျောင်းသားတွေပဲ လိုက်ရမယ်။
လိုက်ချင်တဲ့ သူတွေကတော့ အမှတ်ကောင်းအောင် ကြိုးစားကြ"