[Unicode]
မနက်စောစောရဲ့ နေရောင်စူးစူးက မျက်နှာပေါ်ကျရောက်လာတာကြောင့် အိပ်ယာပေါ်က အဖြူလုံးလေးက နိုးလာခဲ့သည်။
သူ့ရှေ့က ရင်ခွင်ကျယ်ကြီး တစ်ခုဆိုတာသိလိုက်ရတဲ့နောက်မှာ ကောင်လေးက တအိအိနဲ့ရှိုက်ငိုတယ်။
ရှောင်းကျန့် သူ့ရင်ခွင်ထဲက အူကြူးကို ကြည့်လိုက်တော့ မျက်ရည်စလေးတွေနဲ့ ရှိုက်နေပြန်တာမို့ ကျောလေးကို ပုတ်ပေးပြီး ချော့မြူလိုက်သည်။
"အူကြူးရယ် အိပ်ယာနိုးခါစကို ခေါင်းတွေကိုက်တော့မှာပဲကွာ"
ဘာမှပြန်မပြာဘဲ ရင်ခွင်ထဲသာ ပိုတိုး၀င်နေတဲ့ အူကြူးကြောင့် ရှောင်းကျန့််မှာ စိတ်မကောင်းဖြစ်ရပြန်သည်။
ညကတည်းက သူ့ချော့လိုက်ရင် ပြီးပြီကို မချော့ဘဲ အလုပ်ကိုပဲ စိတ်ရောက်နေတာကြောင့် ဒီကလေးလေး ငိုပြီး အိပ်သွားတယ်ဆိုတာ သူအတတ်သိနေပြီးသား။တစ်ဖက်ကစာရင်းကလည်း အရေးကြီးနေတာကြောင့် မချော့မိပါဘဲ ဒီတိုင်းထားလိုက်မိတာ။
"အူကြူးရယ် Daddyတောင်းပန်ပါတယ်ကွာ။
စာရင်းက အရေးကြီး စာရင်းမို့လို့ အူကြူးကို ညက ပစ်ထားသလိုဖြစ်သွားရတာပါ။မငိုနဲ့တော့နော် အူကြူး နော်"သူ့နဖူးကို ခပ်ဖွဖွနမ်းရင်း ချော့မြူလာတဲ့ Daddyကြောင့် ရိပေါ်မှာ အချော့ခံရတဲ့ကလေးက ပိုငိုတယ်ဆိုသလို ပိုပြီး ငိုလာသည်။
"ဒါဆို ရိပေါ် အင့် စိတ်ဆိုးသွားတာကို ဟင့် ဘာလို့လိုက်မချော့တာလဲ"
"အဲ့တုန်းက အစည်းဝေးတက်ရတော့မှာမို့လို့ Daddyက အူကြူးနောက်ကို မလိုက်လာတော့တာပါ"
"ဒါဆိုလည်း အိမ်ရောက်ရင် ချော့လေ။စိတ်ဆိုးလို့ စကားမပြောဘဲ နေတာကို Daddyကပါ မပြောဘဲ ပစ်ထားရလားလို့!!"
"ဟုတ်ပါပြီ Daddyမှားတာပါ။နောက်ဆို အူကြူးလေးကို ပစ်မထားတော့ဘူးနော်။
အခုတော့ မငိုပါနဲ့တော့ ကွာ""အွန်း...Daddyက အလုပ်မသွားဘူးလား"
"အင်း..Partyတစ်ခုသွားရမှာ ညနေကျ အာ့ကျမှ သွားတော့မယ်။ဒီနေ့ ကုမ္ပဏီ မသွားတော့ဘူး"