[Unicode]
မနက်ဖြန်ဆို ရိပေါ်18နှစ်ပြည့်ပြီ။
မွေးနေ့ပြီးရင် လုပ်စရာရှိတာလုပ်၊ရှင်းစရာရှိတာ ရှင်းရမယ်။အခုတော့ Daddyရေချိုးနေတုန်း ယွီပင်းကောဆီ အပူသွားကပ်ရအုံးမယ်။
ဒေါက်!! ဒေါက်!!!
"ရိပေါ် ဘာကိစ္စရှိလို့လဲ"
"ကောကို ပြောစရာရှိလို့"
"လာလေ အခန်းထဲ၀င် ငြိမ်ငြိမ်တော့နေနော်"
"အင်းပါ ကောကလည်း"
ရိပေါ်သာအသက်18ပြည့်တော့ မှာ ယွီပင်းကောကတော့ ရိပေါ်ကို ကြောက်တုန်းပဲ။
"ကော မနက်ဖြန် ရိပေါ်အသက်18ပြည့်ပြီ သိတယ်မလား"
"သိတယ်လေ ရိပေါ်ရဲ့။မွေးနေ့ပွဲ အတွက်တောင် အကုန်စီစဥ်ပြီးနေပြီကို"
"အင်း..ဒါဆို ရိပေါ် ငယ်ငယ်တုန်းက Daddyက ကောကို သီးသန့်စီးပွားရေးတစ်ခုလုပ်ဖို့ပြောတာရော မှတ်မိတယ်မလား"
"မှတ်မိတယ်လေ ရိပေါ်ရဲ့။ကောမလုပ်ချင်လို့တောင် ငြင်းခဲ့တာပဲ"
"အခုမလုပ်လို့ မရတော့ဘူး လုပ်ရမယ်"
"ဟင်..."
ယွီပင်းမှာ သူ့ကိုအမိန့်ပြန်ပေးနေတဲ့ ရှေ့က ကိုယ်တော်လေးကို မျက်လုံးပြူးနဲ့သာ ကြည့်မိတော့သည်။
"ဟုတ်တယ် ကောDaddyကို Cycle showroomကို ဦးစီးချင်တယ်လို့ပြောလိုက်"
"ဟာ...ရိပေါ်ကလည်း ကောမှ မလုပ်ချင်တာ"
"ကောမလုပ်ချင်လည်း ရိပေါ်သဘောကျတယ်လေ။ နော်...ကောနော်"
"ရိပေါ်လေးကလည်း"
"မလုပ်ပေးရင် ကောဖန်ရှင်းကို စိတ်၀င်စားနေတာ ရိပေါ်သွားပြောလိုက်မှာနော်"
"ဟာ!! ကောဘယ်မှာ စိတ်၀င်စားလို့လဲ"
"မသိဘူး ပြောမှာပဲ"
"အေးကွာ ကောမင်းDaddyကို ပြောကြည့်မယ်။မရရင်တော့ ကောလည်း မတက်နိုင်ဘူးနော်"
"Okကော ဒါဆို သွားပြီ"
ယွီပင်းကတော့ သေသာ သေလိုက်ချင်ပါတယ်။
စိတ်မ၀င်စားတဲ့ ဟာကြီးကိုလည်း လုပ်ရအုံးမယ်...ဟူးးးးရိပေါ်တစ်ယောက်နဲ့တော့ တကယ် မလွယ်ဘူး။