Part~~8

3.7K 225 5
                                    

[Unicode]

"မား ပေါက်စရော" ရှောင်ကျန့်က ဧည့်ခန်းမှာ၀င်ထိုင်ရင်းမေးတော့

"မြေးလေးက အိပ်နေတယ် သားတို့တွေ ထမင်းစားကြတော့မလား မားပြင်လိုက်မယ်လေ"

"ဟုတ်မား သားပေါက်စကို သွားနှိုးလိုက်အုံးမယ် နင်တို့က ထမင်းစားခန်းထဲက စောင့်နေကြ" ရှောင်ကျန့်က မားကိုပြောရင်း ကျိုးချန်တို့ကိုပါလှည့်ပြောပြီး အိမ်ပေါ်တက်သွားတော့

"ဒီကောင်ကြီးက ရိပေါ်ကို​တော့ တော်တော်ချစ်တာပဲ"

"ဟုတ်ပ့ ငါတောင်သူနဲ့ယှဥ်လိုက်ရင် ဘာမှမဟုတ်တော့သလိုပဲ" ကျိုးချန်စကားကို ရွှယ်လုကပါ ထောက်ခံကာ ထမင်းစားခန်းထဲကို၀င်လာတော့ ရှောင်မားက ထမင်းပွဲပြင်ပြီးစောင့်နေတာမို့ ထမင်း၀ိုင်းမာ၀င်ထိုင်ပြီး ရှောင်ကျန့်အလာကိုသာ စောင့်နေကြသည်

ဟော ရောက်လာကြပါပီ ဘာတေငြင်းလာကြလဲ မသိ တစ်ယောက်ကလဲ နှုတ်ခမ်းကိုဆူထားတာ ထမင်းစားပွဲတောင်  ပြေးကပ်တော့မလိုဘဲ တစ်ယောက်ကလဲ မျက်နှာက စပ်ဖြီးဖြီးနဲ့

"ကဲ ဖွားမြေးလေးက ဘာဖြစ်လာပြန်ပီလဲ"

"Daddyယေ ပေါ်ပေါ်အိပ်နေယာကို အတင်းယာနှိုးနေရာ" နှုတ်ခမ်းလေးဆူပြီး ပြန်တိုင်နေတဲ့ရိပေါ်ကချစ်စဖွယ်အတိ

"မြေးလေး ထမင်းစားဖို့နှိုးတာလေ ထမင်းမစားလို့ ဒီပါးဖောင်းဖောင်းလေးတေမရှိတော့ရင် ဘယ်လိုလုပ်မလဲ အာ့ဆို မြေးလေးကို မချစ်တော့ပဲ နေမာပေါ့ အာ့ကြောင့် ထမင်းစားရမယ်နော်" ရှောင်မားပြောလိုက်တော့ ဟုတ်ဆိုပြီး ငြိမ်သွားတဲ့ ရိပေါ်ကို အကုန်လုံးက ပြုံးပြီးသာ ကြည့်နေကြသည်

"ဒါနဲ့မား ပါးရော"

"ခုနလေးတင်ပဲ ကုမ္ဗဏီသွားမယ်ဆိုပြီး ထွက်သွားတာပဲ "

"ဟုတ်လား ဒါဆိုလဲ ထမင်းစားရအောင်လေ မား"

"သားတို့စားကြတော့ မားက မင်းပါးနဲ့ စားပြီးပြီ"

"ဟုတ်မား"

"အေး မားသွားပြီ သမီးတို့သားတို့လဲ ထည့်စားနော် အားမနာကြနဲ့"

Daddyရဲ့ရှင်သန်ရာ [Daddyရဲ့ရွင္သန္ရာ]Where stories live. Discover now